ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကျော် သဲကန္တာရတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Gobi" ဂိုဘီ သဲကန္တာရ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်မြောက်ပိုင်းနှင့် မွန်ဂိုလီးယားတောင်ပိုင်းကို ဖြန့်ကျက်တည်ရှိနေတဲ့ ဂိုဘီ သဲကန္တာရဟာ ၅၀၀၀၀၂ စတုရန်းမိုင်ကျယ်ဝန်းကာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အကြီးဆုံး သဲကန္တာရ ဖြစ်ပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးပါဦးနော်။

photo credit pngtree

ဂိုဘီဟာ ကမ္ဘာပေါ်မှာ အအေးဆုံး သဲကန္တာရ တစ်ခုလည်းဖြစ်ပြီး အပူချိန်အတက်အကျရှိကာ အနိမ့်ဆုံး အပူချိန်ကတော့ ဆောင်းရာသီမှာ ရေခဲမှတ်အောက် ၄၀ ဒီဂရီ ဖာရင်ဟိုက်ဖြစ်နေတာပါ။ အမြင့်ဆုံး အပူချိန်ကတော့ နွေရာသီမှာ ၁၂၂ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပါတယ်။ ထို့အတူ ဂိုဘီဟာ မိုးရိပ်ခိုတဲ့ သဲကန္တာအဖြစ် ထင်ရှားတာပါ။ ဂိုဘီမှာ ရွာသွန်းရမယ့် မိုးဟာ ဟိမဝန္တာ တောင်တန်းများတွင် ခိုအောင်းနေသဖြင့် တောင်တန်းများက ဂိုဘီသို့ မိုးများမသွားရောက်ရှိရန် တားဆီးထားသကဲ့သို့ ဖြစ်နေကာ ခြောက်သွေ့နေပါတယ်။

photo credit pngtree

သိပ္ပံပညာရှင် အများစုက လွန်ခဲ့တဲ့ နှစ် ၄၅ သန်းက ဟိမဝန္တာတောင်တန်းနှင့် တိဘက်ကုန်းပြင်မြင့်တို့ ပေါ်ထွန်းလာချိန်မှာ ဂိုဘီသဲကန္တာရလည်း ပေါ်ထွန်းခဲ့ကြောင်း လက်ခံထားကြပါတယ်။ သို့သော် မကြာမီက တွေ့ရှိချက်များအရ ဂိုဘီဟာ လွန်ခဲ့တဲ့ နှစ် ၅ သန်းမှ ၁၀ သန်းအကြားမှာ Altai တောင်တန်းများ ပေါ်ထွန်းချိန်အထိ ခြောက်သွေ့မှုမရှိတာကို တွေ့ရှိခဲ့ပါတယ်။ ယခုအချိန်မှာ ဂိုဘီဟာ ကန္တာရ ဖြစ်ထွန်းမှုများ ဆက်လက် ဖြစ်ပေါ်နေကာ တရုတ်နိုင်ငံရဲ့ စိမ်းလန်းသော ဒေသများအထိ ကျယ်ပြန့်လာနေလျက်ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။