တပ်မတော်သယ်ယူပို့ဆောင်ရေး ပျက်ကျသွားသောလေယာဉ်နဲ့အတူ ပါသွားသော မိခင်အား နောက်ဆုံးအကြိမ် ကန်တော့နေသော လူမမယ် သားငယ်လေးပါ။

အစ်မ ကောင်းရာဘုံဘဝကနေ သားငယ်လေးကို စောင့်ရှောက်ပါတော့ဗျာလို့ ဝမ်းနည်းဖွယ်ရာ ဓာတ်ပုံတွေကို တင်ခဲ့တဲ့ သူကရေးသားထားပါတယ်။

လေယာဉ်ပေါ်တွင် တပ်မတော်သား မိသားစု ၁၀၀ ခန့် လိုက်ပါလာပြီး လေယာဉ်တွင် ပါရှိသော ဆီမှာလည်း ယခုသတင်းရရှိချိန်တွင် ကုန်ဆုံးသွားပြီဖြစ််သဖြင့် ရှာဖွေကယ်ဆယ်မှုများကို

ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရုပ်အလောင်း ၈ဝကျော် ရှာတွေ့ပြီး ပုံစံခွဲခြားလို့ရခဲ့သော ရုပ်အလောင်းများကို မြှုပ်နှံပြီးဖြစ်ပါသည်။

ယခုအခါ ဆက်လက်ရှာဖွေလည်းရှိပြီး ယခုအချိန်ထိတော့ အသက်ရှင် ကျန်ရစ်သူ ရှာမတွေ့သေးကြောင်းသိရသည်။

လူတစ်ရာခန့်တင်ဆောင်လာသော တပ်မတော်လေယာဉ် Y8 သည် ဂျွန်လ ရရက်နေ့က လမ်းခုလတ်တွင် ဆက်သွယ်မှု ပြတ်တောက်ကာ ပျောက်ဆုံးနေခဲ့ပါသည်။

အဆိုပါ ပျောက်ဆုံးလေယာဉ်ကို တပ်မတော်လေယာဉ်/ရေယာဉ်များဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။