Roster အပြောင်းအလဲတွေပြုလုပ်ထားတဲ့ Dendi ရဲ့ B8 ကတော့ Beyond Epic : Europe/CIS closed qualifier မှာ playoffs ကိုတက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

B8 အနေနဲ့ ဒီပြိုင်ပွဲမဝင်ခင်မှာ players လေးယောက်လောက်ထိကို အပြောင်းအလဲလုပ်ထားခဲ့ပြီး groups stage ပွဲစဉ်မှာ Vikin.gg တစ်သင်းထဲကို ရှုံးနိမ့်ပြီး အုပ်စုဒုတိယနဲ့ playoffs ကိုတက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒ့ါကြောင့် B8 အနေနဲ့ ဒီကနေ့မြန်မာစံတော်ချိန် 8:30 pm မှာ semi-finals ပွဲစဉ်အဖြစ် EXTREMUN နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက Upper bracket Final ကိုတက်ရောက်မှာဖြစ်သလို ရှုံးနိမ့်ခဲ့ပါက Lower bracket round 1 ကိုဆင်းပေးရမှာပဲဖြစ်ပါတယ်။

ယခု B8 နဲ့ယှဉ်ပြိုင်ရမယ့် EXTREMUN ဟာဆိုရင်လည်း group stage မှာ ရှုံးပွဲမရှိ အုပ်စုပထနေရာနဲ့ playoffs ကိုတက်ရောက်လာတာဖြစ်ပြီး Afterlife နဲ့ velheor တို့ပါဝင်နေတဲ့ dota 2 team တစ်ခုပဲဖြစ်ပါတယ်။

B8 အနေနဲ့လည်း roster ပြောင်းလဲပြီးနောက်မှာ ကစားပုံက အရင်ကထက် ပိုကောင်းလာခဲ့တာတွေ့ရပေမယ့် တချို့သောလိုအပ်ချက်လေးတွေကတော့ ရှိနေပါသေးတယ်။

B8 အနေနဲ့ ဒီ close qualifier ကိုအောင်မြင်ပြီး main stage ကိုတက်ရောက်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

B8 ရဲ့ လက်ရှိ roster ကတော့

Po 1- Crystallis

Po 2- Dendi

Po 3- LastHero

Po 4- 5up

Po 5- Fishman

တို့ပဲဖြစ်ပါတယ်။

source - B8 Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။