photo credit - DREAMHACK

c0ntact CS:GO Team ကတော့ snappi ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

Snappi အနေနဲ့လည်း လက်ရှိမှာ သူအငှားသွားရောက်ကစားပေးတဲ့ Astralis ကနေလည်းထွက်ခွာခဲ့ပြီဖြစ်တာကြောင့် main အသင်းဖြစ်တဲ့ TIGER မှာ Inactive player အနေနဲ့ ရှိနေတာပဲဖြစ်ပါတယ်။

c0ntact အနေနဲ့လည်း လက်ရှိမှာ FLASHPOINT Season 1 ကစားဖို့အတွက် LETN1 မပါဝင်နိုင်တာကြောင့် သူ့ရဲ့နေရာမှာ rallen ကို အငှားအနေနဲ့ ခေါ်ယူထားရတာပဲဖြစ်ပါတယ်။

အကယ်၍ snappi ကိုသာခေါ်ယူခဲ့မယ်ဆိုရင်တော့ snappi ဟာ c0ntact ရဲ့ ခြောက်ယောက်မြောက်သော player ဖြစ်လာမှာဖြစ်သလို  c0ntact အနေနဲ့လည်း snappi ကို TIGER ကနေ FlASHPOINT Season 2 မတိုင်မီ ခေါ်ယူဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

C0ntace ရဲ့ လက်ရှိ cs:go roster ကတော့

LETN1 

emi

EspiranTo

ottoNd

SHiPZ

NeiL_M (coach)

djL (coach)

တို့ပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။