ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Pharos of Alexandria"လို့ အမည်ရတဲ့ အီဂျစ်နိုင်ငံက မီးပြတိုက်ကြီးအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ထိတိုင်တည်ရှိနေတဲ့ Pharos of Alexandria မီးပြတိုက်ကို ခရစ်တော်မပေါ်မီ နှစ် ၂၈၀မှ ၂၄၇ ခုနှစ်အကြားမှာ ရှေးဟောင်းဂရိ ဘုရင် Ptolemaic လက်ထက်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Alexandria ဟာ ၃၉၄ ပေမှ ၄၄၉ ပေအထိမြင့်ကာ ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ သက်တမ်းအရှည်ကြာဆုံး မီးပြတိုက်လို့ ယူဆကြပါတယ်။

photo credit pngtree

ခရစ်တော်မပေါ်မီ ၃၀၅ ခုနှစ်မှာ Ptolemy I Soter က မိမိကိုမိမိဘုရင်ဖြစ်ကြောင်း ကြေညာခဲ့ကာ မီးပြတိုက် တည်ဆောက်မှု လုပ်ငန်းများကို Alexander the Great ကွယ်လွန်ပြီး နောက် ၁၂ နှစ်ကြာမှာ စတင်ခဲ့တာပါ။ နောင်တွင်တည်ဆောက်မယ့် မီးပြတိုက်များရဲ့ ရှေ့ပြေးပုံစံဖြစ်ခဲ့ပါတယ်။ Pharos of Alexandria ဟာ ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ် ခုနစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ကာ တတိယမြောက်သက်တမ်းအရှည်ဆုံး ကမ္ဘာ့ အံ့ဖွယ်ဖြစ်ပါတယ်။

photo credit pngtree

လူလုပ် အတောက်အအုံများအနက် အမြင့်ဆုံး အဆောက်အအုံအဖြစ် ရာစုနှစ်များစွာ တည်ရှိခဲ့ပါတယ်။ နှစ်ကာလရှည်ကြာစွာ တည်ရှိခဲ့သော်လည်း Pharos of Alexandria ဟာ ငလျင်ဒဏ်များကြောင့် အေဒီ ၉၅၆ ခုနှစ်၊ ၁၃၀၃ ခုနှစ်နှင့် ၁၃၂၃ ခုနှစ်တို့မှာ ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၄၈၀ ပြည့်နှစ်မှာတော့ အီဂျစ်စူလတန် Qaitbay ဟာ မီးပြတိုက်ရဲ့ ပလက်ဖောင်းပေါ်မှာ ကျောက်တုံးများဖြင့် ခံတပ်တစ်ခုကိုတည်ဆောက်ခဲ့သဖြင့် မီးပြတိုက်ရဲ့ နောက်ဆုံး အကြွင်းအကျန်များ ပျောက်ကွယ်ခဲ့ရပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။