ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံက "Okunoin Cemetery" လို့အမည်ရတဲ့ သမိုင်းဝင် အုတ်ဂူ သင်္ချိုင်းအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ Koya တောင်မှာ အုတ်ဂူ နှစ်သိန်းဝန်ကျင်ရှိနေတဲ့ သင်္ချိုင်းကို ခရစ်နှစ် ၈၁၉ ခုနှစ်မှာ တည်ထောင်ခဲ့သဖြင့် ဂျပန်နိုင်ငံမှာ သက်တမ်းအရှည်ဆုံး၊ အကြီးဆုံး၊ အလေးမြတ်အထားဆုံး သင်္ချိုင်း ဖြစ်လာခဲ့ပါတယ်။ Shingon ဗုဒ္ဓဘာသာ ဂိုဏ်းကို ထူထောင်ခဲ့တဲ့ Kukai ဟာ ခရစ်နှစ် ၈၁၉ ခုနှစ်မှာ Koya တောင်မှာ ပထမဆုံး အခြေချခဲ့ကာ ၈၃၅ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါတယ်။

photo credit pngtree

Kukai ရဲ့ အလောင်းကို သူ့ရဲ့ ဗိမာန်မှာ မြှုပ်နှံခဲ့ကာ Shingon ဗုဒ္ဓဘာသာရဲ့ ယုံကြည်မှုများအရ Kukai ဟာ သေဆုံးခဲ့တာ မဟုတ်ဘူးလို့ ယူဆခဲ့ ကြပါတယ်။ Kukai ကို ကွယ်လွန်ပြီးနောက် Kobo Daishi လို့ ခေါ်ဆိုခဲ့ကြပြီး Kukai ဟာ ပွင့်တော်မူမယ့် အရိမတ္တေယျ ဘုရားရှင်ကို တရားထိုင်ခြင်းဖြင့် ထာဝရ စောင့်ဆိုင်းနေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ Kukai ကိုမြှုပ်နှံထားတဲ့ Okunoin ဟာ ထင်ရှားသော ဘုရားဖူးနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ထိုနေရာမှာ ထင်ရှားသော ရဟန်းတော်များ၊ မြေပိုင်ရှင်များ အပါအဝင် များပြားသော လူများဟာ သူတို့ ကွယ်လွန်ချိန်တွင် Kukai Kukai နှင့် အနီးမှာ နေပြီး အရိမတ္တေယျ ဘုရားရှင်ကို စောင့်ဆိုင်းခွင့်ရရန် Okunoin တွင်မြှုပ်နှံခဲ့ကြပါတယ်။ သင်္ချိုင်းမှာ လူအများဆုံး ပူဇော်မှုပြုကြတဲ့ နေရာဟာ လက်ဆွဲမီးအိမ် ၁၀ ၀၀၀ ရှိတဲ့ Torodo ခန်းမဆောင် ဖြစ်ပါတယ်။ ထိုမီးအိမ်များကို ဘုရားဖူးများက လှူဒါန်းခဲ့ကြကာ အမြဲ မီးထွန်းထားခဲ့ပါတယ်။ အဲ့ဒီအထဲမှာ မီးအိမ်နှစ်လုံးဟာ ၁၀၈၈ ခုနှစ်မှစတင်ပြီး ယနေ့ထိတိုင် ထွန်းလင်းနေတယ်လို့ ဆိုပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။