Miss တစ်ယောက်ဖြစ်သလို မျက်နှာချိုချိုလေးနဲ့ ပရိသတ်တွွေကို ဖမ်းစားနိုင်တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါ ဟာ ရုပ်ရှင်ဇာတ်ကားတော်တော်များများလည်း ရိုက်ကူးနေရပါပြီ။

အနုပညာလောကထဲ မြန်ဆန်စွာပရိသတ်အားပေးမှုတစ်ခဲနက်ရရှိထားတဲ့ ခင်ဝင့်ဝါ ဟာမကြာသေးမီက ရုံတင်ပြသသွားတဲ့ စိုင်းစိုင်းခမ်းလှိုင် ၊ ရွှေမှုန်ရတီတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ချိုမြိန်သောလက်စားချေခြင်းဟာဆိုရင် လူပြောများလျက်ရှိနေပါတယ်။

ဒ့ါပြင် သူမပါဝင်ထားတဲ့ ကြောက် ကြောက် ကြောက် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ နမူနာအပိုင်းတိုလေးကလည်း ပရိသတ်တွေကိုအကြိုက်တွေ့စေတယ်လို့ သိရပါတယ်။

နေတိုးမိတ်ကပ်လိမ်းပေးထားတဲ့ အဆိုပါသရဲကားမှာ ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ခင်ဝင့်ဝါက ပေါ်ပြူလာဂျာနယ်အင်တာဗျူးမှာ အခုလို ဖြေထားတာပါ။

“ အမှောင်ထဲမှာ တစ်ယောက်ထဲနေရရင် တအားကြောက်တတ်တယ်။ ဒီကားကြီးက သချိုင်းအစစ်တွေမှာ သွားရိုက်တော့ ကိုယ်က ကြောက်ရတယ် ဒီလိုအစစ်နေရာတွေမှာ ရိုုက်ရတော့ ကျောလည်းချမ်းတယ်။ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း အတွဲညီကြတဲ့အတွက် အမှတ်တရတွေကအများကြီးပါ” ဆိုပြီး ဒီဇာတ်ကားလေးက ဇူလိုင်လမှာထွက်ရှိမှာဖြစ်လို့ အားပေးဖို့ကိုလည်း စကားလက်ဆောင်ပါးလိုက်ပါသေးတယ်။

သတင်းအရင်းမြစ် popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။