ပရိသတ်ကြီးရေ မြန်မာဂုဏ်ဆောင်ဖိုက်တာကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ ၂၀၁၉ ခုနှစ်တွင် One Championship ပြိုင်ပွဲတွေမှာ အခြားပြိုင်ဘက်တွေကို အနိုင်ယူထိုးသတ်နိုင်ခဲ့ပြီး အောင်ပွဲတွေရရှိထားခဲ့နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြိုင်ဘက်ကောင်းတွေကို အကောင်းဆုံးအနိုင်ယူထိုးသတ်နိုင်စေဖို့အတွက် ကစားဖော်တွေနဲ့အတူ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေကို ပြင်းပြင်းထန်ထန် နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Aung La Nsang(Burmese Python)
Photo Credit - Aung La Nsang(Burmese Python)

၂၀၂၀ မှာထိုးသတ်ရမယ့် ပြိုင်ပွဲတွေရှိပေမယ့် ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေကြောင့် ပြိုင်ပွဲတွေရွှေ့ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်လအန်ဆန်ကတော့ နေ့စဉ်ဆိုသလို ကစားဖော်ကောင်းတွေနဲ့အတူတူ ပြင်းထန်တဲ့လေ့ကျင့်ပြင်ဆင်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်နဲ့ လေ့ကျင့်နေကြတဲ့ ကစားဖော်သင်တန်းသားအားလုံးကတော့ ဝိတ်တန်းပေါင် (၁၇၀) အထက်မှာရှိတဲ့ သူတွေ့ဖြစ်ပြီး ရလဒ်ကောင်းတွေကိုပဲအမြဲရရှိယူပေးတဲ့ ကစားသမားကောင်းတွေပါပဲနော်...။ 

Photo Credit - Aung La Nsang(Burmese Python)
Photo Credit - Aung La Nsang(Burmese Python)

ပြိုင်ပွဲတွေအတွက် ကြိုတင်လေ့ကျင့်တွေကို အမြဲမပြတ်လုပ်ဆောင်နေတာကိုလည်း အောင်လအန်ဆန်က " ကျွန်တော်တို့အားလုံးဝိတ်တန်းပေါင်၁၇၀နဲ့အထက်တွေပါ။TakashiSatohအံဖွယ်နှစ်တစ်နှစ်နဲ့အတူပျော်ရွှင်ဖွယ်ရာမွေးနေ့ရက်ဖြစ်ပါစေ။ကျွန်တော်တို့အားလုံးကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုထိန်းသိမ်းထားနိုင်ဖို့အတွက်၊မွေးနေ့ရက်တွေနဲ့အားလပ်ရက်တွေမှာလဲလေ့ကျင့်ခန်းတွေအမြဲမပြတ်ပြုလုပ်နေပါတယ်" ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေတယ်။ ချစ်ပရိသတ်ကြီးရေ အောင်မြင်မှုကိုရယူသိမ်းပိုက်နိုင်စေဖို့အတွက် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်နေတဲ့ အောင်လအန်ဆန်ကို ဆုမွန်ကောင်းတောင်ပေးလိုက်ပါဦးနော်..။

Photo Credit - Aung La Nsang(Burmese Python)
Photo Credit - Aung La Nsang(Burmese Python)

Photo Credit - Aung La Nsang(Burmese Python)

Source- Aung La Nsang(Burmese Python) facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။