အဆိုတော် ရွှေထူးကနေ သူ့ရဲ့ ဖျော်ဖြေပွဲတစ်ခုနဲ့ ပတ်သတ်ပြီး သူ့ရဲ့ Facebookအကောင့်မှာ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ရက်နေ့မှာ ဗန်းမော်မှာပြုလုပ်မယ့် ဖျော်ဖြေပွဲကို မိသားစု ကိုယ်ရေးကိုယ်တာကြောင့် မလာရောက်နိုင်တော့ဘူးဆိုပြီး

ဗန်းမော်မှ ပရိသတ်များကို သူ့ရဲ့ ဖေ့စ်ဘုတ်အကောင်ဘကနေ တောင်းပန်ခဲ့ပါတယ်။

ပွဲမလာနိုင်တဲ့ အတွက် ပွဲစီစဉ်သူတွေနဲ့ ပရိသတ်တွေကို ရွှေထူးကနေ ဒီလိုရေးသားတောင်းပန်ခဲ့တာပါ။

" ၂၃.၁၀.၂၀၁၆ " ဗန်းမော်မြို့တွင် ကျင်းပမည့်ဖျော်ဖြေပွဲသို့ မိသားစုပြသနာ အကြောင်းအမျိုးမျိုးကြောင့် လာရေညက်မဖျော်ဖြေနိုင်ဖြစ်ခဲ့ခြင်းအတွက် ဗန်းမော်မြို့မှ ရပ်မိရပ်ဖအပေါင်းနှင့် ပရိသတ်များ၊ ပွဲစီစဉ်သူနှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျွန်တော်ရွှေထူးမှ လေးစားစွားဖြင့် တောင်းပန်အပ်ပါသည်ခင်မျာ။ ချစ်လှစွာသော ဗန်းမော်မြို့မှ ပရိသတ်များလည်း ကျွန်တော့်ကို အချစ်မလျော့ကြပါနဲ့ခင်ဗျာ။ " ဟူ၍ ရေးသားဖော်ပြထားခဲ့သည်။

ရွှေထူးအနေနှင့် နောက်နောင် ဤကဲ့သို့ ပျက်ကွက်မှုမျိုးမရှိအောင် ဂရုစိုက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

Source : Shwe Htoo Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။