မြန်မာနိ်ုင်ငံရဲ့ နာမည်ကြီး make up artist တစ်ဦးဖြစ်သလို ပထမဆုံး Shemale တစ်ဦးလည်းဖြစ်တဲ့ မထက်ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလို့နေပါတယ်။ နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ MODA အတွက်ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံတွေကို မထက်က သူမရဲ့ အကောင့်ကနေ ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။

မိန်းကလေးတွေတောင် အားကျလောက်အောင်လှနေတဲ့ မထက်ရဲ့ ဓာတ်ပုံတွေဟာ တစ်ခဏအတွင်းမှာပဲ လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားပြီး like လုပ်သူ ၁၇ သိန်းကျော် share လုပ်သူ ၈၀၀ ကျော်ရှိနေပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ။ MODA မဂ္ဂဇင်းအတွက် မထက်ကတော့ " Career မှာအောင်မြင်ပေမယ့်လည်း ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးမျိုးရဖို့ စိတ်ကူးမယဉ်ဘူး" ဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ဖြေဆိုထားတာတွေ့ရပါတယ်။

လတ်တလောမှာတော့ မထက်တစ်ယောက် အလှပြင်သင်တန်းတွေဖွင့်ထားပြီး သူမသိထားတဲ့ပညာတွေကို မိတ်ကပ်ဝါသနာရှင်တွေအတွက် တတ်စွမ်းသလောက် ဖြန့်ဝေပေးနေကြောင်း သူမရဲ့ လူမှုကွန်ယက်သတင်းများအရ သိရပါတယ် ပရိသတ်ကြီးရေ.......

Source: Ma Htet (Pop Soul)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။