screenshoot of liquipedia

မနေ့ကဆိုရင်တော့ Blast Bounty Hunt online tournaments ရဲ့ upper brackets round 2 ပွဲစဉ်နှစ်ပွဲယှဉ်ပြိုင်ကစားခဲ့ပါတယ်။

၎င်းပွဲစဉ်တွေကတော့ Team Secret vs Team Nigma နဲ့ Nip vs OG တို့ရဲ့ ပွဲစဉ်တွေပဲဖြစ်ပါတယ်။

Team Secret vs Team Nigma ပွဲစဉ်မှတော့ Secret ဟာ Nigma ကို 2 : 1 ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ဖြစ်တဲ့ Upper bracket finals ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

OG vs Nip ပွဲစဉ်မှာဆိုရင်လည်း OG ဟာ NiP ကို 2:0 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရှိခဲ့တာကြောင့်

နောက်တစ်ဆင့်ဖြစ်တဲ့ Upper bracket finals ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် Team Secret နဲ့ OG တို့ဟာ မနက်ဖြန်မှာ Upper bracket finals ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘယ်အသင်းအနိုင်မလဲဆိုတာကတော့ အရမ်းစိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒီကနေ့မှာဆိုရင်လည်း Lower bracket round 1 ပွဲစဉ်တွေအဖြစ် Team Nigma vs NiP ပွဲစဉ်နဲ့ Alliance vs Team Liquid တို့ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး ဘယ်အသင်းတွေက Lower bracket round 2 ကိုတက်ရောက်နိုင်မလဲဆိုတာကတော့ နောက်နာရီပိုင်းလောက်ဆို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။