ပရိသတ်ကြီးရေ မော်ဒယ်လ် သန္တာလှိုင်ကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေများစွာကို ရရှိခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သန္တာလှိုင်က အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမရဲ့ လှုပ်ရှားမှုမှန်သမျှကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook , Instagramစတာတွေမှာ အမြဲ မျှဝေပေးလျက်ရှိတာလည်းဖြစ်ပါတယ်......။

Photo credit - Thandar Hlaing's facebook page
Photo credit - Thandar Hlaing's facebook page

ဒါ့အပြင် ပြည်သူချစ်အနုပညာရှင် သန္တာလှိုင်က သူမရဲ့ ကိုယ်ခန္ဓာထိန်းသိမ်းမှု ပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိနေတာကြောင့် မိန်းကလေး ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ ယနေ့မှာလည်း သန္တာလှိုင်က သူမရဲ့ ဆုတောင်းလေးတစ်ခု ပြည့်ဝခဲ့တဲ့ အကြောင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ သန္တာလှိုင်က " လွန်ခဲ့တဲ့ ၁၇နှစ် သမီးလေး မွေးပြီး ကာစက အမြဲဆုတောင်းခဲ့တယ် ၄၀ကျော်တာနဲ့ ၁၈နှစ်တုန်းကထက် နုပျိုတဲ့ ကိုယ်ကျေနပ်အားရတဲ့ ဘော်ဒီမျိုး ပိုင်ဆိုင်ရပါလို၏ပေါ့... အဲ့တုန်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ဘာမှနားမလည်တော့ ဆုတောင်းပြည့်ရင် ဘာမှမလုပ်ပဲ သူ့အလိုလို လှလာတဲ့ ဘော်ဒီမျိုးရမယ်လို့ ထင်ခဲ့တာပေါ့.. 

Photo credit - Thandar Hlaing's facebook page
Photo credit - Thandar Hlaing's facebook page

အခုမှသိတယ် အော်.... ဆုတောင်းပြည့်တယ်ဆိုတာ ကျန်းမာကြံ့ခိုင်တဲ့ ဘော်ဒီမျိုးရအောင် နေထိုင်စားသောက် နည်းလမ်းတွေ ၂၀၁၂ ကထဲက အစပျိုးပြီး လမ်းကြောင်းပေါ် ရောက်ခဲ့တယ်။ အများကို မျှဝေနိုင်အောင် အခွင့်အရေးတွေ ရခဲ့တယ်။ မျှဝေချင်းရဲ့ အကျိုးကျေးဇူးတွေလဲ ပါမှာပေါ့ တစ်နေ့ထက် တစ်နေ့ပိုပြီး ကောင်းတဲ့ နည်းလမ်းတွေ အသိတွေ ရှာဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်" ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.........။

Photo credit - Thandar Hlaing's facebook page
Photo credit - Thandar Hlaing's facebook page
Photo credit - Thandar Hlaing's facebook page

Photo credit - Thandar Hlaing's facebook page

Source - Thandar Hlaing's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။