ဖိလစ်ပိုင်စစ်တပ်ရဲ့ မင်ဒါနာအိုမြို့သိမ်းတိုက်ပွဲမှာ အမေရိကန်ရဲ့ အကူအညီကို ဘယ်တော့မှ မတောင်းခံခဲ့ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကပြောကြားခဲ့ကြောင်း Sputnik International သတင်းမှာဖော်ပြထားပါတယ်။

မကြာသေးခင်က အမေရိကန်အနေနဲ့ မင်ဒါနာအိုမြို့မှာခြေကုပ်ရယူနေတဲ့ စစ်သွေးကြွတွေကို တိုက်ထုတ်ရာမှာ အကူအညီပေးဖို့ အထူးတပ်ဖွဲ့တွေကို မနီလာမြို့တော်ဆီ စေလွှတ်လိုက်တယ်လို့ ကြေညာခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတဒူတာတေးက သူ့အနေနဲ့ အမေရိကန်ဆီက စစ်ဘက်ဆိုင်ရာ အကူအညီတွေကို ရယူမှာ မဟုတ်တဲ့အပြင် အထူးတပ်ဖွဲ့တွေ ဖိလစ်ပိုင်ကို ရောက်ရှိလာရင်တောင်မှာ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ 

အမေရိကန်နဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ ကာလကြာရှည် မဟာမိတ်ဆက်ဆံရေးကို အမေရိကန်သမ္မတဟောင်း အိုဘားမားလက်ထက်ကအစပြုကာ သမ္မတဒူတာတေးက ဖြတ်တောက်လိုက်ပြီး အမေရိကန် စစ်စခန်းတွေကို ပိတ်သွားဖို့ ကတိပြုပြောကြားထားရှိသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာနဲ့ ဘဏ္ဍာရေးအကူအညီတွေကို ရုရှားနဲ့ တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားလိမ့်မယ်လို့လည်း သမ္မတဒူတာတေးက အတည်ပြုပြောကြားထားပါတယ်။

Aung

သတင်းအရင်းမြစ် Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။