ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Kopu Lighthouse" မီးပြတိုက်ကြီး အကြောင်းကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အက်စ်တိုးနီးယားနိုင်ငံ၊ Hiiumaa မှာတည်ရှိတဲ့ ၁၁၈ ပေမြင့်သော Kopu မီးပြတိုက်ဟာ ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်ကာ ၁၅၃၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ အဲ့ဒီအချိန်မှစတင်ပြီး ယနေ့ထိတိုင် အသုံး ပြုနေဆဲဖြစ်တဲ့ ထိုမီးပြတိုက်ကို တည်ဆောက်ရန် ၁၄၉၀ ပြည့်နှစ် မတိုင်မီ အချိန်တည်းက စိတ်ကူးရခဲ့တာလို့ သိရပါတယ်။

photo credit pngtree

"Hiiu" သဲကမ်းပါး နေရာဟာ ဘောတစ်ပင်လယ်အတွင်း အရေးကြီးသော အရှေ့အနောက် သင်္ဘောများဖြတ်ကျော်တဲ့ ရေလမ်းကြောင်းနေရာ တစ်ခုပါတယ်။ ဒါကြောင့်မလို့ ထိုနေရာမှာ မီးပြတိုက်ကို တည်ဆောက်ရန် ၁၄၉၀ ပြည့်နှစ်မတိုင်မီ အချိန်တည်းက စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ "Hanseatic" ကုန်သည်များဟာ ကျွန်းဆွယ်နေရာမှာ အမှတ်အသားတစ်ခုထားရှိရန် နှစ်ပေါင်းများစွာအချိန်တည်းက တောင်းဆိုခဲ့ကြပြီး ၁၄၉၉ ခုနှစ်မှာ "Osel-Wiek" ဘုန်းတော်ကြီး ထံမှ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။

photo credit pngtree

နောက်တစ်နှစ်မှာ ဘုန်းတော်ကြီးက တံခါးပေါက်များမပါရှိတဲ့ ကြီးမားသော ကျောက်တိုင်တစ်ခုကို တည်ဆောက်ခွင့်ပြုရန် သဘောတူခဲ့ပါတယ်။ သို့သော် စစ်ပွဲတစ်ခုဖြစ်ပွားလာခဲ့ပြီးနောက် တည်ဆောက်မှုလုပ်ငန်းကို နှစ်အတန်ကြာ အချိန်ဆွဲထားခဲ့ပါတယ်။ ထို့ကြောင့် မီးပြတိုက်ရဲ့ အဓိက ဆောက်လုပ်မှုအပိုင်းများကို ၁၅၁၄ ခုနှစ်မှ ၁၅၁၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့ကာ ၁၅၃၁ ခုနှစ် ဆောင်းဦးရာသီမှာတော့ မီးထွန်းညှိပြီး ပထမဆုံး အချက်ပြနိုင်ခဲ့ပါတယ်။ ထိုအချိန်မှစပြီး မီးပြတိုက်ရဲ့ အချို့အပိုင်းများကို ပြန်လည်တည်ဆောက်ခဲ့ကာ ယခုအခါမှာ kopu ဟာ အက်စ်တိုးနီးယားနိုင်ငံ၊ Hiiumaa ရဲ့ အထိမ်းအမှတ်တစ်ခုအဖြစ် ခရီးသွားများအား ဆွဲဆောင်လျက်ရှိနေပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။