ပရိသတ်ကြီးရေ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်စွာရပ်တည်နေတဲ့ သူကတော့ မင်းသားချော ဇဏ်ခီပဲဖြစ်ပါတယ်။ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ယောကျ်ားပီပြတဲ့ ရုပ်ရည်တို့ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို များစွာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ဇာဏ်ခီက သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ချစ်ရတဲ့ ဇနီးသည် ခရစ္စတီးနားခီနဲ့အတူ တည်ဆောက်ထားတာလည်းဖြစ်ပါတယ်.....။

Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page

ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားသားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အမြဲလိုလို လူမှုကွန်ယက်စာမျက်နှာထက်မှာ လှုပ်ရှားမှုပုံရိပ်တိုင်းကို တင်ပေးလေ့ရှိတဲ့ ဇာဏ်ခီက ယနေ့မှာတော့ ဇနီးချောလေးနဲ့အတူ ဆိုးတူကောင်းဖက်ဖြတ်သန်းလာခဲ့တာဆိုရင် အနှစ်(၂၀)ရှိပြီဆိုပြီး တင်ပေးလာတာပဲဖြစ်ပါတယ်။ ဇာဏ်ခီက " Happy 20th Anniversary, my love. အနှစ်၂၀ ဆိုပေမယ့် စတွေ့တဲ့နေ့က အူကြောင်ကြောင်ခံစားချက်က တစ်နေ့ကလိုဖြစ်နေတုန်းပဲ။ အူကြောင်ကြောင်ကောင်လေးက အဲ့ဒီတုန်းက fashion ကအရွဲ၊ အလုပ်ကမကောင်း၊ ဘဏ်အကောင့်မရှိ၊ အာပုတ်ဆော်နံပြီး မာနကလည်းကြီးခဲ့သေးတယ်။  

Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page

ဒါပေမယ့်အဲ့ဒီ့ကောင်လေးက ရည်းစားဖြစ်ခါနီး မိနစ်ပိုင်းအလိုတွေမှာ “ကျနော့်ဘဝထဲဝင်မလာပါနဲ့” လို့ warning ပေးခဲ့ဖူးတယ်။ Warning လား ထောင်ချောက်ဆင်တာလားတော့ အခုချိန်ထိကိုယ့်ဟာကိုမကြိမ်းသေဘူး။ ဒါပေမယ့် ကံကြမ္မာကစီစဉ်ပြီးသားမို့လို့လား ဒါမှမဟုတ် ကောင်လေးရဲ့တော်ကီတွေမှာကြွေသွားလို့လားမသိ ကောင်မလေးနဲ့ကောင်လေး ရူးရူးမိုက်မိုက်ချစ်သွားခဲ့ကြတယ်။ နောက်တော့ကောင်လေးဘာသိလိုက်ရလဲဆိုတော့ ကောင်မလေးကလဲသူ့လို အရူးလေးပဲဆိုတာကိုပါပဲ။ ဒါကြောင့်ဒီအရူးလေးက အရူးမလေးကို still madly in love ပါလို့.." ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page
Photo credit - Zenn Kyi's facebook page

Photo credit - Zenn Kyi's facebook page

Source - Zenn Kyi's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။