တရုတ်နိုင်ငံအခြေစိုက် လုပ်ငန်းတွေစုစုပေါင်းအနက် (၇၀)ရာခိုင်နှုန်းကျော်ဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေလျက်ရှိတာကို သုတေသန ပြုလုပ်ချက်အရ တွေ့ရှိကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားတယ်လို့ BBC News မှာပါရှိပါတယ်။ 

ဘေဂျင်း- တီရန်ဂျင်- ဟီဘေး ဒေသတစ်ဝိုက်ရှိ မြို့ပေါင်း(၃၀)နီးပါးမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ကုမ္ပဏီတွေကို သုတေသနလုပ်ငန်းဆိုင်ရာများ စစ်ဆေးပြီးနောက် အဆိုပါထုတ်ပြန်ချက်ကို ထုတ်ချက်ခဲ့သလိုစက်ရုံလုပ်ငန်းတွေအနေနဲ့ ခွင့်ပြုထားတာထက် ဓာတ်ငွေ့ပိုမိုထုတ်လွှင့်တာတွေ အပြင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်တဲ့ စက်ကိရိယာတွေ လုံလောက်မှု မရှိတာတွေကို တွေ့ရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

လက်ရှိမှာတော့ အာဏာပို်င်တွေကလည်း အရေးယူဆောင်ရွက်ခြင်း မရှိတာကြောင့် တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒေသခံအရာရှိတွေအနေနဲ့ စံသတ်မှတ်ချက်ကို လိုက်နာခြင်းမရှိတဲ့ ကုမ္ပဏီတွေကို စုံစမ်းပြီး ပြသနာတွေကို ဖြေရှင်းသွားဖို့ အမိန့်ထုတ်ပြန်ထားရှိပါတယ်။

Aung 

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။