ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ စိတ်ခြောက်ခြားဖွယ် ကြောက်မက်စရာကောင်းသော နေရာအဖြစ် ထင်ရှားတဲ့ "Dark Entry Forest" အမှောင် သစ်တောလမ်းအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကွန့်နက်တီကတ် ပြည်နယ်ကွန်းဝေါမှာ တည်ရှိသော ဒဒ်လေမြို့ဟာ တစ္ဆေမြို့လို့ ခေါ်ရလောက်အောင် ခြောက်သွေ့နေတဲ့ မြို့ငယ်လေး တစ်ခု ဖြစ်ပါတယ်။ ဒဒ်လေမြို့ကို ၁၇၄၀ အလယ်နှစ်များလောက်က ရွာငယ်လေး တစ်ခုအဖြစ် တည်ထောင်ခဲ့ပြီး ၁၈ ရာစုမှာ လူနေမှု အသိုက်အဝန်း ဖွံ့ဖြိုးလာခဲ့ကာ အောစ်ဘာရီလို့ လူသိများလာခဲ့ပါတယ်။ သံထည် စက်မှုလုပ်ငန်းဟာ ဒဒ်လေဒေသရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်ခဲ့ပါတယ်။

photo credit pngtree

ဒဒ်လေဟာ အရင်ကာလတွေတုန်းက လူအများလာရောက် လည်ပတ်ကြသော ထင်ရှားတဲ့ မြို့လေးတစ်မြို့ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထူးဆန်းသော မြင်ကွင်းများ၊ ရှင်းမပြနိုင်သော လူသေမှုများ၊ မကောင်းဆိုးဝါးများရဲ့ ထိတ်လန့်ဖွယ် ဖြစ်ရပ်များကို မြို့ခံများက ကြုံတွေ့လာကြရပါတယ်။ သိုးများနှင့် တိရိစ္ဆာန်များ အုပ်လိုက်ပျောက်ဆုံး သွားခြင်းများဟာ ထိုမြို့လေးမှာ ထုံးစံ တစ်ရပ်လို ဖြစ်လာခဲ့ပါတယ်။ ၂၀ ရာစု အလယ်ပိုင်းမှာတော့ မြို့နေလူတိုင်းဟာ ထွက်ပြေးရင်ပြေး၊ မပြေးရင် သေကြရတာမျိုးတွေ ဖြစ်လာပါတယ်။ ယခုအချိန်မှာတော့ ဒဒ်လေမြို့ဟာ လွန်ခဲ့သော နှစ် ၂၅၀ ခန့်ရှိ သောမတ်စ်ဂရီဖီ ဆိုသူနေထိုင်ခဲ့စဉ်က အနေအထားတိုင်းရှိနေပြီး မြို့ဟောင်းတစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒဒ်လေမှ ကျောက်သားမြေလွှာပြင်ပေါ်မှာ ထူထပ်သော တောအုပ်တစ်ခုက သီးခြားတည်ရှိနေပါတယ်။

photo credit pngtree

ထိုတောအုပ်ကို ဘေးလ်၊ သုဒ်ဘယ်ရီနှင့် ကလော့စ်ဖုလို့ခေါ်တဲ့ တောင်သုံးလုံးတို့က အရိပ်မိုးပေးထားကာ ထူထပ် ရှည်လျားသော သစ်ပင်များကြောင့် သစ်တောကို အမှောင် လမ်းသစ်တောလို့ အမည်ပေးထားကြပါတယ်။ အမှောင်လမ်း သစ်တောဟာ ကွန်နက်တီကတ်ပြည်နယ်မှာရှိသော်လည်း ပြည်နယ် သစ်တော ဧရီယာတွင်မပါဝင်ဘဲ မိုဟော့ခ် သစ်တောဝိုင်းအနီးမှ ပုဂ္ဂလိကပိုင် မြေတစ်ခု ပေါ်မှာ ရှိနေတာပါ။ ဒဒ်လေမြို့မှ အပျက်အစီးများနှင့် အမှောင်လမ်းသစ်တောတို့ကို အမှောင်လမ်းသစ်တော အဖွဲ့ကစောင့်ရှောက်ပါတယ်။ သစ်တောအတွင်း လူသူ ဖြတ်သန်းသွားလာခြင်းမရှိစေရန် ကင်းလှည့်နေသည့်တိုင်အောင် အမှောင်လမ်း သစ်တောကို ဖြတ်သန်းရန် ကြိုးပမ်းကြသူများဟာ အရေအတွက် ရာနှင့်ချီကာ တားဆီးခံခဲ့ကြရပါတယ်။ ဒဒ်လေမြို့ပျက်နှင့်အမှောင် လမ်းသစ်တောဝန်းကျင် နေရာမှာ အလင်းရောင်တန်းများ၊ ကြောက်မက်ဖွယ် အသံများကို မြင်ရကြားရတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။