ပင်လယ်သမုဒ္ဓရာတွေဟာ အရင်က မဖြစ်ခဲ့ဖူးတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီလို့ ကုလ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ကြောင်း Business Mirror မှာဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့မှာ စတင်တဲ့ (၅)ရက်ကြာ ညီလာခံမှာ ပထမဆုံးအနေနဲ့ သမုဒ္ဒရာတွေအကြောင်းနဲ့ပတ်သက်ပြီး သမုဒ္ဒရာတွေဟာ ညစ်ညမ်းမှုတွေ၊ အမှိုက်တွေ၊ ငါးအလွန်အကျွံဖမ်းဆီးမှုတွေအပြင် ရာသီဥတုပြောင်းလဲမှုဒဏ်တွေကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ကုလအတွင်းရေးမှုးချုပ်က နိုင်ငံပေါင်း(၂)ရာနီးပါးက တာဝန်ရှိသူတွေကို သတိပေးပြောကြားတာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ပလတ်စတစ်တွေအသုံးပြုမှုလျှော့ချဖို့၊ ပင်လယ်ရေမြင့်တက်မှု၊ သမုဒ္ဒရာအပူချိန်မြင့်တက်မှုနဲ့ သမုဒ္ဒရာထဲ အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာမှုတွေကို တိုက်ဖျက်ချေမှုန်းဖို့ တိုက်တွန်းထားပါတယ်။

Aung 

သတင်းအရင်းမြစ် Business Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။