ပရိသတ်ကြီးရေ ဖြူဖွေးဝင်းပတဲ့ အသားအရည်လေးနဲ့ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာလေးကြောင့် မိန်းကလေးအချင်းချင်းကပါ ကြွေနေရတဲ့ နန်းစုရတီစိုးကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်။ နန်းစုက သီချင်း MTVတွေမှာ စတင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေ အသိအမှတ်ပြုခံရတဲ့ သူလည်းဖြစ်ပါတယ်.....။

Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page

နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်လာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ သရုပ်ဆောင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သရုပ်ဆောင်ရာမှာ တိကျပိုင်နိုင်လွန်းရုံသာမကပဲ အဆိုအပိုင်းမှာလည်း အသံချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိရှိသီဆိုတက်တာကြောင့် ကိုယ်ပိုင်ရေးသားတေးသီချင်း အယ်ဘမ်လ်တွေလည်း ထွက်ရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်.။ လတ်တလောမှာတော့ နန်းစုက အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း အမိုက်စားပုံရိပ်လေးတွေကို ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာတင်ပေးလေ့ရှိနေတာပါနော်.....။

Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page

နန်းစုက အခုလက်ရှိမှာတော့ သူမရဲ့ ဘဝမှာ နောင်တအရဆုံးအမှားတစ်ခုက ဆံပင်ရှည်တွေကို ညှပ်လိုက်ဆိုးလိုက်နဲ့ မျိုးစုံပုံသွင်းခဲ့တာဖြစ်ကြောင်းကို " ဘဝမှာ နောင်တအရဆုံးကဘာလဲဆိုတော့ ဆံပင်ကို ဆိုးချင်တိုင်းဆိုးပြီး ညှပ်ပစ်ခဲ့ရတာကိုပဲ ဆံပင်ပြန်ရှည်ပြန်ကောင်းချင်လို့ တနေ့အခါနှစ်ဆယ် လောက်ဖြီး တလကို ၁၅ခါလောက်ပေါင်းလည်း ဘာမှ သေသေချာချာမထူးခြားလာသေး ဆံပင်လေး ကောင်းကောင်း ရှိနေတုန်း သေချာတန်ဖိုးထားဂရုမစိုက်ခဲ့မိတာ" ဆိုပြီး သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားတင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page
Photo credit - Nansu Yati Soe's facebook page

Photo credit - Nansu Yati Soe's facebook page

Source - Nansu Yati Soe's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။