အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှုနဲ့ ရပ်တည်နေတဲ့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ သူပါနော်..။ သူမရဲ့ ပထမဆုံးပါဝင်ရိုက်ကူးထားတဲ့ လေးစုံတွဲ ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ် လူသိများခဲ့တာပဲဖြစ်ပါတယ်.။ နောက်ပိုင်းမှာတော့ ခန့်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူပါ.....။

Photo credit - Khant Thiri Zaw's facebook page
Photo credit - Khant Thiri Zaw's facebook page

ခန့်ရဲ့ အနုပညာလှုပ်ရှားမှုက လတ်တလောမှာတော့ " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးထဲမှာ စိတ်သဘောထားဖြူစင်ပြီး ကျေးဇူးတရားသိတက်တဲ့ အတွင်းရေးမှူးမလေး ရှေးရေစက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်.။ ကျရာဇာတ်ရုပ်ကို တိကျပိုင်နိုင်စွာသရုပ်ဆောင်ရင်း ဇာတ်ကို သေချာပုံဖော်ပေးနေသူဖြစ်လို့ ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်.။ ခန့်က မကြာခဏဆိုသလို ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိသတ်တွေဆီကို အမြဲမျှဝေပေးနေတာပါနော်.....။

Photo credit - Khant Thiri Zaw's facebook page
Photo credit - Khant Thiri Zaw's facebook page
Photo credit - Khant Thiri Zaw's facebook page

ယနေ့မှာလည်း ခန့်က " အောင်သွယ်တော်ရောင်နီကြောင့် ရှေးအပြုံးလေးတွေမြင်ရပြီပေါ့" ဆိုတဲ့ စာသားလေးနဲ့အတူ ပုရိသတို့ ကြွေဆင်းရလောက်တဲ့ ပြစ်ချက်မရှိလှပနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ မင်းသမီးချောလေး ခန့်ရဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်. ။ ခန့်ရဲ့ ပုံလေးတွေကို ကြည့်ရှုပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Khant Thiri Zaw's facebook page
Photo credit - Khant Thiri Zaw's facebook page
Photo credit - Khant Thiri Zaw's facebook page

Source & Photo credit - Khant Thiri Zaw's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။