Photo credit - Blast Dota twitter

Blast Bounty Hunt dota 2 online tournaments. ဟာဆိုရင် ဒီကနေ့မှာ နောက်ဆုံး finals ပွဲစဥ်နှစ်ပွဲကိုဆော့ကစားပြီး အဆုံးသတ်တော့မှာပဲ ဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း Upper bracket final ပွဲစဥ်နဲ့ lower bracket round 2 ပွဲစဥ်တို့ဆော့ကစားခဲ့ပြီး upper bracket finals မှာတော့ Team Secret က OG ကို 2:1 နဲ့အနိုင်ရရှိပြီး grand final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Lower bracket round 2 မှာတော့ Team Nigma က Team Liquid ကို 2:1 နဲ့အနိုင်ရရှိပြီး ဆနာက်တဆင့်ဖြစ်တဲ့ Lower bracket final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း Lower bracket final ပွဲစဥ်နဲ့ Grand final ပွဲစဥ်တို့ဆော့ကစားရမှာဖြစ်ပြီး lower bracket finals ပွဲစဥ်မှာတော့ OG နဲ့ Team Nigma တို့ကယှဥ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

သူတို့နှစ်သင်းထဲက နိုင်တဲ့အသင်းကတော့ Grand Finals မှာ Team Secret နဲ့ဆော့ကစားသွားရမှာဖြစ်ပြီး Team Secret ကပဲ အနိုင်ရရှိကာ သူတို့ရဲ့ ငါးကြိမ်မြောက် champion ဆုကြီးဖြစ်လာမလား...

ဒါမှမဟုတ် OG နဲ့ Team Nigma တို့ထဲက တစ်သင်းကပဲ Team Secret ကိုရပ်တန့်ပီး champion. ဆုကိုရယူနိုင်မလားဆိုတာကိုတော့ နောက်နာရီပိုင်းအတွင်းမှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Lower bracket finals ပွဲစဥ်ကတော့ ဒီကနေ့ မြန်မာစံတော်ချိန် 7:30 pm မှာဆော့ကစားသွားမှာဖြစ်ပြီး grand finals ပွဲစဥ်ကတော့ 11:30 pm မှာဆော့ကစားသွားမှာပဲ ဖြစ်ပါတယ်။

Source - Liquipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။