ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးသမားဆယ်ယောက်ကဘယ်သူတွေဖြစ်မလဲ။ ရော်နယ်ဒိုနဲ့မက်ဆီတို့ရဲတန်ဖိုးကရော ဘယ်လောက်လဲ။ CIESအဖွဲ့ရဲ့ ကစားသမားတွေရဲ့အသက်အရွယ်တွေ လုပ်အားတွေပေါ်မူတည်ပြီး စစ်တမ်းကောက်ချက်တွေအရ ထွက်ပေါ်လာတဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမား ဆယ်ယောက်ကိုဖော်ပြလိုက်ပါတယ်။

၁ - နေမာ (တန်ကြေး - ယူရိုသန်း ၂၁၀.၇ )

၂ - ဒယ်လီအလီ (တန်ကြေး - ယူရိုသန်း ၁၅၅.၁)

၃ - ဟယ်ရီကိန်း - (တန်ကြေး - ယူရိုသန်း ၁၅၃.၆ )

၄ - မက်ဆီ (တန်ကြေး - ယူရိုသန်း ၁၅၁.၇ )

၅ - ဂရစ်ဇ်မန်း (တန်ကြေး - ယူရိုသန်း ၁၅၀.၃ )

၆ - လူးဝစ်ဆွာရက် (တန်ကြေး - ယူရိုသန်း ၁၄၀.၈ )

၇ - ပေါ့ဘာ (တန်ကြေး - ယူရိုသန်း ၁၃၄.၃ )

၈ - ဟီဂူအင် (တန်ကြေး - ယူရိုသန်း ၁၂၀.၂ )

၉ - ဟာဇက် (တန်ကြေး - ယူရိုသန်း ၁၁၇.၂ )

၁၀ - ဒီဘားလား (တန်ကြေး - ယူရိုသန်း ၁၁၅.၃ )

ယခုနှစ်အတွက် ဘလွန်းဒီအောအကောင်းဆုံးကစားသမားဆုရဖို့ သေချာနေတဲ့ ရီးရဲမက်ဒရစ်အသင်း၏ ကမ္ဘာကျော်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ အသက်၃၂နှစ်ကြောင့် တွက်ချက်မှုနည်းခဲ့ရကာ တန်ကြေးမှာ ယူရို ၉၉.၄ သန်းသာ ရှိခဲ့သဖြင့် တန်ဖိုးအရှိဆုံး ဘောလုံးကစားမားဆယ်ယောက်စာရင်းမှာမပါဝင်ခဲ့ပေ။

Hein 

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။