အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးဖလား ချန်ပီယံ ချယ်ဆီးအသင်း၏ အဓိက တိုက်စစ်မှူး ဒီယေဂိုကော်စတာအနေနဲ့ သူ့၏အနာဂတ်နဲ့ ပတ်သတ်၍ ချယ်ဆီးအသင်း၏ ဆုံးဖြတ်ချက်ကိုစောင့်နေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်း၏ နည်းပြ ကွန်တီက ဒီယေဂိုကော်စတာထံသို့ ချယ်ဆီးအသင်း၏အနာဂတ် အစီအစဉ်တွေထဲမှာဒီယေဂိုရေ မင်းမပါတော့ဘူးလို့ စာပို့ခဲ့ကတည်းက ကော်စတာအနေနဲ့ ချယ်ဆီးအသင်းနဲ့လမ်းခွဲရဖို့ရှိနေခဲ့တာပါ။

အသက်၂၈နှစ်ရှိ ချယ်ဆီးအသင်း၏ အဓိက တိုက်စစ်မှူး ဒီယေဂိုကော်စတာက ပြီးခဲ့တဲ့ ဆောင်းအပြောင်းအရွှေ့မှာ အခြားအသင်းတွေထံ အထူးသဖြင့် အသင်းဟောင်းအက်သလက်တီကိုမက်ဒရစ်ထံသို့ ပြောင်းချင်တယ်လို့ ပြောဆိုခဲ့ဖူးရုံသာမက တရုတ်ကလပ်တွေနဲ့ပါ သတင်းတွေထွက်ခဲ့ဖူးသူဖြစ်ပါတယ်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။