ပရိသတ်ကြီးရေ ဇာတ်ကားတစ်ကား နာမည်ကြီးအောင်မြင်ပြီး ဇာတ်လမ်းဇာတ်ကွက် ပီပြင်ဖို့ဆိုရင် ဇာတ်ဆောင်မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းရုံသာမကပဲ ဇာတ်ပို့သရုပ်ဆောင်တွေရဲ့ အကူအညီလဲ လိုအပ်ပါသေးတယ်။ 

အဲဒီထဲမှာမှ ဇာတ်ပို့သရုပ်ဆောင် မိုက်မိုက်ကလည်း ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်စွာ ပုံဖော်ပေးနိုင်တဲ့ သူတစ်ယောက်ပါနော်.....။

Photo credit - Mike Mike's facebook account
Photo credit - Mike Mike's facebook account
Photo credit - Mike Mike's facebook account

မိုက်မိုက် MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်. ။

မိုက်မိုက်က အခုလက်ရှိမှာလည်း " အချစ်ဖွဲလေညင်း " ဇာတ်လမ်းတွဲလေးထဲမှာ ဗီလိန်ဇာတ်ကောင် ဟန်စစ်သွေးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်....။

Photo credit - Mike Mike's facebook account
Photo credit - Mike Mike's facebook account

မိုက်မိုက်က " ဒီနေ့ နဲနဲ ကြမ်းသွားလို့ ပျိုဖြူလေးကိုချော့ရဦးမယ်" ဆိုတဲ့ စာသားလေးနဲ့အတူ သံသာမိုးသိမ့်နဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွဲလေးက ဇာတ်သိမ်းတော့မှာဖြစ်လို့ " ဟန်စစ်သွေးကိုအသိအမှတ်ပြုပေးကျတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးပါလို့ နုတ်ဆက်ခဲ့တယ်နော်မိုက်မိုက် ကတော့ ယူတို့ရှေ့မှာအမြဲရှိနေမယ် တခြားသော ဇာတ်ကောင်များနှင့် ယူတို့ရင်ဘတ်ထဲ ခရီးနှင်လာမယ် မျော်နေနော်" ဆိုပြီး ရေးသားထားတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်......။ 

Photo credit - Mike Mike's facebook account
Photo credit - Mike Mike's facebook account

Source & Photo credit - Mike Mike's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။