အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ နည်းပြ အာစင်ဝင်းဂါးအနေနဲ့ ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်း၏တိုက်စစ်မှူးလာကတ်ဇီကို ပြောင်းရွှေ့ကြေး ပေါင်သန်း၆ဝဖြင့်ကမ်းလှမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။

ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်း၏တိုက်စစ်မှူးလာကတ်ဇီက ပြင်သစ်လက်ရွှေးစင်ကစားသမားတစ်ယောက်ဖြစ်ပြီး မနှစ်က ပြင်သစ်လီဂူးလိဂ်မှာ လိုင်ယွန်အသင်းအတွက် ၂၈ဂိုးသွင်းပေးထားပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ နည်းပြ အာစင်ဝင်းဂါးအနေနဲ့ အသင်းနဲ့ မပြေမလည်ဖြစ်နေတဲ့ တိုက်စစ်မှူးဆန်းချက်နေရာမှာ အစားထိုးဖို့ လာကတ်ဇီကို ခေါ်ယူဖွယ်ရှိနေတာလို့ သိရှိရပါတယ်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။