မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) နည်းပြဖြစ်သူ ဦးအေးဆန်းဟာ ဇွန် ၁၂ ရက် ညနေပိုင်းက ထားဝယ်မြို့ သရက်ချောင်း ရေတံခွန်တွင် မမျှော်လင့်ဘဲ ကွယ်လွန်တိမ်းပါးသွားခဲ့ရပါတယ်။ဦးအေးဆန်းဟာ၂၀၀၇ ထိုင်း ဆီးဂိမ်းစ် ငွေတံဆိပ်ဆု ရရှိခဲ့သည့် မြန်မာ ယူ၂၃ အသင်းတွင် နောက်တန်း အတွင်းလူ နေရာမှ စွမ်းစွမ်းတမံ ပါဝင်ကစားခဲ့သူ ဖြစ်သလို ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်တွင်လည်း အသင်းခေါင်းဆောင် အဖြစ် မြန်မာ ယူ၂၃ အသင်းအား တတိယဆု ရရှိရန် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

Photo credit: MFF' s facebook page
Photo credit: kyi lwin' s facebook acc

ဦးကြည်လွင်ကတော့ ထားဝယ်မြို့ သရက်ချောင်းရေတံခွန်တွင် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရတဲ့ တပည့်ဖြစ်သူကိုအေးဆန်းအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဦးကြည်လွင်ကတော့ " တပည့် မင်းချစ်တဲ့မိသားစု မင်းနဲ့အတူကစားခဲ့တဲ့သူငယ်ချင်းတွေနဲ့တွေ့ဘို့ ဆရာစီစဉ်ထားတယ် မနက်မင်းရဲ့သက်မဲ့ခန္နာကို မင်းမိသားစုနဲ့အတူရေဝေးမှာဆရာစောင့်နေမယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ကွယ်လွန်သူကိုအေးဆန်းဟာ ကွယ်လွန်ချိန်မှာ အသက်၃၈နှစ်သာရှိသေးတာဖြစ်ပါတယ်။ 

Photo credit: kyi lwin' s facebook acc
Photo credit: kyi lwin' s facebook acc

ဦးအေးဆန်း ဟာ ပရော်ဖက်ရှင်နယ်ခေတ်တွင် ကမ္ဘောဇ၊ နေပြည်တော် အသင်းများတွင် ပါဝင် ကစားပြီးနောက် လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် ရန်ကုန် အမျိုးသား ဘောလုံးအကယ်ဒမီတွင် နည်းပြတစ်ဦးအဖြစ် လူငယ်ကစားသမားများအား အခြေခံ ဘောလုံးပညာများ သင်ကြားပေးနေသူဖြစ်ပါတယ်။ဦးအေးဆန်း ရုတ်တရက် ကွယ်လွန်သွားခြင်းအတွက် ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဘောလုံးဝါသနာရှင်တွေအနေနဲ့ စိတ်မကောင်းဖြစ်နေကြပါတယ်။

source : kyi lwin' s facebook acc/ MFF' s  facebook page 

Photo credit: kyi lwin' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။