အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်နဲ့ သတင်းတွေကျယ်ကျယ်လောင်လောင် ထွက်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း၏ တိုက်စစ်မှူး ဂရစ်ဇ်မန်း ကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်း၏ တိုက်စစ်မှူး ပြင်သစ်လက်ရွှေးစင်ကစားသမား အသက်၂၆နှစ်ရှိ ဂရစ်ဇ်မန်းအနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ၂၀၂၂ထိရှိနေမယ့် သက်တမ်းတိုးစာချုပ်ကိုချုပ်ဆိုခဲ့တာပါ။

မူလပထမက ဂရစ်ဇ်မန်းအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းကိုပြောင်းရွှေ့ရန်ရှိခဲ့သော်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့လူဝယ်မှုပိတ်ခံခဲ့ရမှုကြောင့် အက်သလက်တီကိုတွင်သာ ဆက်ရှိနေရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။