ပရိသတ်အချစ်တော်မလေးဖြစ်တဲ့ Rapအဆိုတော်စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ပြီး ယနေ့တိုင်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခပ်မိုက်မိုက်တေးသီချင်းလေးတွေ၊ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်.....။

Photo credit - Dior by Heart
Photo credit - Dior by Heart
Photo credit - Dior by Heart

စန္ဒီမြင့်လွင်က အေးချမ်းပျော်ရွှင်ပြီး အမြဲ ကြည်နှုးစရာတွေနဲ့ ပြည့်နေတဲ့ မိသားစုဘဝလေးကို ဖန်တီးထားနိုင်ခဲ့လို့ ပရိသတ်တွေကလည်း အားကျနေကြတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် စန္ဒီမြင့်လွင်က သူမနဲ့တူတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကာ သမီးလေးကလည်း ဝဝကစ်ကစ်လေးနဲ့ပါးဖောင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က မကြာခဏဆိုသလို သူမရဲ့ သမီးလေး Treasureရဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်....။

Photo credit - Dior by Heart
Photo credit - Dior by Heart
Photo credit - Dior by Heart

ယနေ့မှာတော့ သမီးလေး Treasure က အသက် ၁၁လ ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ၁၁လ ပြည့် မွေးနေ့လေးမှာ " ဒီနေ့ထရက်ရှာခင်လင်းထင် ၁၁ လ ပြည့်ပါပီ အတုတ်အတစ်သမီးလေးရဲ့အလှပဂေး၁၁ အမှတ်တရပုံလေးတွေကြည့်ကြပါဦး အမှတ်တစ်ရပုံလေးတွေအတွက် ကျေးဇူးပါ " ဆိုတဲ့ စာသားလေးအပြင် အသည်းယားစရာကောင်းလွန်းတဲ့ ပုံရိပ်​လေးတွေကို တင်ပေးလါတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Dior by Heart
Photo credit - Dior by Heart
Photo credit - Dior by Heart
Photo credit - Dior by Heart
Photo credit - Khin Lin Htin 's facebook page

Photo credit - Dior by Heart

Source - Khin Lin Htin 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။