ဂျာမနီ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ရဲ့ အဓိကကစားသမားဖြစ်တဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက် ကို ကမ်းလှမ်းဖို့ပြင်ဆင်နေကြောင်းသိရှိရပါတယ်။

ချီလီလက်ရွှေးစင်အသင်းရဲ့ တိုက်စစ်မှူး အာဆင်နယ်ကစားသမား အလက်ဆစ်ဆန်းချက်ကို ဘွန်ဒက်လီဂါအမှတ်ပေးဒိုင်းချန်ပီယံ ဘိုင်ယန်မြူးနစ်က ပေါင်၅၃သန်းဝန်းကျင်ခန့်ဖြင့် ကမ်းလှမ်းဖွယ်ရှိနေတာပါ။ 

အသက်၂၈နှစ်ရှိပြီးဖြစ်တဲ့ အလက်ဆစ်ဆန်းချက်က ယခုဘောလုံးရာသီမှာ လစာကိစ္စနဲ့ပတ်သတ်၍ အာဆင်နယ်အသင်းနဲ့ အဆင်မပြေဖြစ်ကာ အာဆင်နယ်က ထွက်ခွာဖို့ ရာခိုင်နှုန်းများလျက်ရှိကြောင်း သိရှိရပါတယ်။

Hein  

သတင်းအရင်းမြစ် Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။