သရုပ်ဆောင် ဇေရဲထက်ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ပါတ်သတ်လို့ ပွင့်ပွင့်လင်းလင်းပဲပြောကြားလိုက်ပါတယ် ။

အချစ်ရေးမှာတော့ ငယ်ကအချစ် အနှစ်တရာ ဆိုတဲ့ ဝေါဟာရကို အတည်မယူဘူးလို့ဆိုပါတယ် ။ 

" ငယ်ငယ်ကအချစ်နဲ့ကွဲသွားပြီဆိုရင် နောက်ထပ်တစ်ယောက်ကို အချစ်ပိုချစ်ရမှာပဲပေါ့၊ ဒီအချစ်နဲ့ကွဲသွားပြီဆိုမှတော့ နောက်ထပ်ချစ်သူအတွက်ကို ဘယ်လိုပေးဆပ်ရမလဲဆိုတာကိုပဲတွေးတယ်၊ ဘယ်လိုချစ်ပြရမလဲဆိုတာပဲ သိတယ် " လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ပြောထားပါတယ် ။

'' ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်ချစ်တဲ့သူက ဘာကြီးပဲဖြစ်နေဖြစ်နေဂရုမစိုက်ဘူး၊ ကျွန်တော်ချစ်ရင် နူနာဝဲဆွဲရုံတင် မကဘူး ဆင်းရဲမွဲတေနေရင်တောင် ကျွန်တော်ချစ်တယ်။ ကျွန်တော် စိတ်ဆုံးဖြတ်ချက်ချထားပြီးပြီဆိုရင် ကျွန်တော်ကတော့ ချစ်နေမှာပဲ၊ ကျွန်တော့် စကားပုံတောင်ရှိသေးတယ် ကိုယ်ထင်ရင်ကုတင်ရွှေနန်းဆိုတဲ့ စကားပေါ့၊ ကျွန်တော်လဲ သာမာန်လူတစ်ယောက်ဖြစ်တဲ့အတွက် သဝန်တိုတတ်တယ်၊ ဒါကတော့ လူတိုင်းရှိတတ်ကြတာပါပဲ။ ကိုယ့်ချစ်သူကို ကိုယ့်စကားနားထောင်စေချင်တဲ့ဆန္ဒလေးတော့ရှိတာပေါ့။ ကျွန်တော့်စိတ်က ပြတ်သားတယ်၊ ကျွန်တော် ချစ်ရင် ကျွန်တော်လက်ခံပြီဆိုရင် ဘယ်သူ့မှလဲဂရုစိုက်မှာမဟုတ်ပါဘူးကျွန်တော်မကြိုက်တဲ့ကိစ္စတွေသာ မလုပ်မိ စေနဲ့လို့ ပြောထားတယ်၊ လိမ်တာကိုလည်း ကျွန်တော်အရမ်းမုန်းတယ်။ကျွန်တော် မကြိုက်တဲ့အချက်လေးတွေလုပ်မိရင်တော ့warning လေးတွေရှိတယ် ၁၊၂ ၊ ၃ ဆိုတာလေးတွေပေါ့ '' လို့ဆိုပါတယ် ။

ကျောင်းတုန်းကအချစ်ရေးနဲ့ပါတ်သတ်လို့ ကိုယ့်ကိုဘယ်မိန်းကလေးတွေက ကြိုက်တယ် ၊မကြိုက်ဘူး ဆိုတာကိုတော့ သတိမထားမိခဲ့ဘူးလို့ဆိုပါတယ်။

" အရင်က ကိုယ်ကချစ်ရတဲ့သူရှိခဲ့ဖူးပေမယ့် ဒါကလည်း ကလေးဆိုတော့ ဘာမှသိပ်နားမလည်သေးတာပေါ့ အခုတော့ နှစ်ယောက်အပြင်မှာပြန်တွေ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက် ရီပြတာလောက်ပါပဲ။သူလဲရန်ကုန်မှာပဲ သတိရတဲ့အခါတော့ရှိပါတယ်။ Facebook မှာတော့ အမြဲတမ်းပြောဖြစ်တယ်လို့ လဲ ထိုအင်တာဗျူးမှာ ထပ်မံပြောကြားသွားပါတယ် ။

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။