ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းစာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Avisa Relation oder Zeitung" သတင်းစာ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဂျာမာန် ဘာသာဖြင့် ထုတ်ဝေခဲ့တဲ့ The Avisa ဟာ ပထမဆုံး လူသိများခဲ့သော ပုံနှိပ် ထုတ်ဝေတဲ့ သတင်းစာဖြစ်ခဲ့ပါတယ်။

photo credit pngtree

ပထမဆုံး ထုတ်ခဲ့တဲ့ သတင်းစာမှာပဲ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားမှ သတင်း များပါရှိခဲ့ပြီး ထိုသတင်းများအားလုံးဟာ ၁၆၀၉ ခုနှစ် ဇန်နဝါရီလ အထိရရှိထားသော သတင်းများဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ကျွမ်းကျင်သူအများစုက The Avisa ပထမဆုံး ထုတ်ခဲ့သော ရက်ကို ဇန်နဝါရီလ ၁၅ ရက်နေ့လို့ ယူဆကြပါတယ်။ သို့သော် သတင်းစာမှာ ထုတ်ဝေသော ရက်စွဲကို တရားဝင် ဖော်ပြထားခြင်းမရှိပါဘူး။

photo credit pngtree

The Avisa ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ သတင်းစာ ဖြစ်တာကို ယူဆ ရေးသားတဲ့စာရေးဆရာအချို့ ရှိခဲ့ပါတယ်။ သို့သော် ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော သုတေသန အသစ်များက The Avisa ထက်စောသော အခြား သတင်းစာ ထုတ်ဝေမှုများရှိ ခဲ့တယ်လို့လည်း ဆိုပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။