ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းက ထင်ရှားကျော်ကြားသော ကျောက်မျက်ရတနာ ပြတိုက်ကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "H. Stern" အဆောက်အအုံကြီး တင်ဆက်ပေးသွားမှာပါ။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးပါဦးနော်။

photo credit pngtree

စည်းစိမ်ခံ ကျောက်မျက်ရတနာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ H. Stern ဟာ ဘရာဇီးလ်နိုင်ငံ၊ Rio de Janeiro မြို့တွင် တည်ရှိပါတယ်။ ၁၉၄၉ ခုနှစ်မှာ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီ ရုံးချုပ်နှင့် ကျောက်မျက်ရတနာများ ထုတ်လုပ်တဲ့ အလုပ်ရုံဟာ Rio de Janeiro မှာ ယနေ့တိုင်တည်ရှိနေပါတယ်။

photo credit pngtree

ထိုအလုပ်ရုံသို့ သွားရောက် လည်ပတ်တဲ့ ခရီးစဉ်ဟာ ထိုမြို့ရဲ့ထင်ရှားသော ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ သွားရောက်လည်ပတ်သူများကို အသင့်ဝတ်နိုင်တဲ့ ကျောက်မျက်ရတနာ လက်ဝတ် တန်ဆာများ ဖန်တီးထုတ်လုပ်ပုံ အဆင့်အားလုံးကို ပြသထားတာပါ။ ကျောက်မျက်ဗေဒ ဓာတ်ခွဲခန်းမှ ကျောက် အရိုင်းတုံးများ၊ လက်မှု အတတ်ပညာများ၊ ကျောက်မျက်ရတနာဒီဇိုင်းများနှင့် နောက်ဆုံး ထွက်ရှိလာတဲ့ ကျောက်မျက် ရတနာများကို ခမ်းနားသော ပြခန်းများမှာ ပြသထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။