အာဂျင်‌တီးနားနဲ့ကစားခွင်‌့ရခဲ့တဲ့စင်‌ကာပူရဲ့သမိုင်‌းဝင်‌ည


‌စင်‌ကာပူဘောလုံးအဖွဲ့ချုပ်‌တည်‌‌ထောင်‌တာ (၁၂၅)နှစ်‌‌မြောက်‌ အမှတ်‌တရ‌ခြေစမ်‌းပွဲအဖြစ်‌ အ‌ရှေ့‌တောင်‌အာရှအသင်‌းစင်‌ကာပူနဲ့ ကမ္ဘာ့အဆင်‌့ (၂)အာဂျင်‌တီးနားမ‌နေ့ညက‌ခြေစမ်‌းပွဲကစားခဲ့ကြပါတယ်‌။

စင်‌ကာပူက ဒီပွဲကို့‌ဆော့ချင်‌လွန်‌းလို့တရုတ်‌တိုင်‌‌ပေနဲ့ အာရှဖလား‌ခြေစစ်‌ပွဲကို‌တောင်‌ ရက်‌‌စောပြီးကစားခဲ့တာပါ။


အိန်‌ဂျယ်‌ဒီမာရီယာ၊‌ပေါ်လိုဒိုင်‌ဘာလား ၊လန်‌ဇီနီ စတဲ့ကမ္ဘာ‌ကျော်‌ကစား‌တွေပါဝင်‌လာတဲ့ အာဂျင်‌တီးနားဟာ 

စင်‌ကာပူကို (၆)ဂိုးဂိုးမရှိနဲ့အနိုင်‌ကစားသွားပါတယ်‌။

စင်‌ကာပူပရိသတ်‌‌တွေက မက်‌ဆီပါဝင်‌ကစားဖို့‌မျှော်‌လင်‌့ခဲ့ကြ‌ပေမယ်‌့ ဘာစီလိုနာတိုက်‌စစ်‌မှူးဟာ အာဂျင်‌တီးနားနဲ့အတူ

လိုက်‌ပါလာခဲ့ခြင်‌းမရှိပါဘူး။



အာဂျင်‌တီးနားနည်‌းပြ ဆမ်‌ပါအိုလီက‌တော့ မက်‌ဆီ၊ဟီဂူရင်‌ မပါဘဲ တိုက်‌စစ်‌ကို ဘယ်‌လို‌ဆော့မလဲဆိုတာ စမ်‌းသပ်‌ဖို့ပွဲမတိုင်‌ခင်‌က‌ပြောထားတဲ့အတိုင်‌း2-3-4-1 ကစားကွက်‌နဲ့ကစားသွားခဲ့ပါတယ်‌။တိုက်‌စစ်‌ကစားသမား ၅‌ယောက်‌နဲ့အာဂျင်‌တီးနားဟာ ခံစစ်‌ကိုပိတ်‌ပြီး ‌ကောင်‌တာပြန်‌ကစားဖို့‌ချောင်‌း‌နေတဲ့စင်‌ကာပူကို ၆ဂိုးသွင်‌းနိုင်‌ခဲ့ပါတယ်‌။အာဂျင်‌တီးနားအတွက်‌ဂိုး‌တွေကို‌တော့

ဖာဇီယို၊‌ကော်‌ရဲရား၊ဂိုမက်‌၊ပရီဒက်‌၊အယ်‌လာရီယိုနဲ့ဒီမာရီယာတို့က သွင်‌းယူ‌ပေးခဲ့တာပါ။

ရှုံးသည်‌ဖြစ်‌‌စေ နိုင်‌သည်‌ဖြစ်‌‌စေ အာဂျင်‌တီးနားအသင်‌းနဲ့ကစားခွင်‌့ရတဲ့ ဒီညက‌လေးဟာ စင်‌ကာပူအတွက်‌သမိုင်‌းဝင်‌မယ်‌့ညက‌လေး ဖြစ်‌‌နေမှာ‌တော့အ‌သေအချာပါ။

Source-FAS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။