ယအခုအချိန်ထိ ဝမ်းနည်းကြေကွဲဖွယ် အကြောင်းအရာနှင့် လူသိများထင်ရှားတဲ့ သမိုင်းဝင် "Pompeii" မြို့တော်အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုမြို့အကြောင်းနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း နိုင်ငံတကာမှာ ပြသခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့တာပါ။ အေဒီ ၇၉ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ Vesuvius မီးတောင် ပေါက်ကွဲခဲ့ပြီး ပြာပူများဟာ လေထုအတွင်းသို့ ထွက်ရှိလာကာ Pompeii နှင့် Herculaneum မြို့များပေါ်သို့ ကျဆင်းခဲ့တာပါ။ ထိုပြာများဟာ လူတွေ နေအိမ်ပေါ်သို့ ကျရောက်ခဲ့တာကြောင့် တံခါးများဖွင့်လို့မရဘဲ၊ အမိုးများ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့လိုနဲ့ လမ်းမတွေပေါ်မှာလည်း ပြာများပြည့်နှက်လာတာကြောင့် လူတွေဟာ ထွက်မပြေးနိုင်ခဲ့ကြတော့ပါဘူး။

photo credit pngtree

ထောင်ပေါင်းများစွာသော လူများက ပြာများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ လွတ်မြောက်ခဲ့ကြပြီး ကျန်ရှိတဲ့ အခြား လူများကတော့ တွန့်ဆုတ်ကာ မိမိတို့ အိမ်အတွင်းမှာပဲ အကြောက်တလန့်နေထိုင်ခဲ့ကြပါတယ်။ မိမိတို့ဦးခေါင်းကို ခေါင်းအုံးများဖြင့် ဖုံးအုပ်ခဲ့ကြပါတယ်။ ပြာပူများကြောင့် အိမ်ခေါင်မိုများ ပြိုကျစေခဲ့ပြီး မသေဘဲ ကျန်ရှိနေကြသူများဟာ နောက်နေ့ နံနက်မှာတော့ မီးတောင်မှ စီးဆင်းလာတဲ့ ဓာတ်ငွေ့စီးကြောင်းကြောင့် အားလုံးသေဆုံးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၇၃၈ ခုနှစ်မှာ မေ့လျော့နေခဲ့တဲ့ ပွန်ပေ မြို့ကို တူးဖော်မှုများ ပြုလုပ်ခဲ့တာကြောင့် သေဆုံးခဲ့သူများရဲ့ အရိုးစုတွေဟာ ခန္ဓာကိုယ်အရွယ် နေရာလွတ်များ ကျန်ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။

photo credit pngtree

ထို့ကြောင့် အရိုးစုပတ်လည်ရှိ နေရာလွတ်များကို ပလာစတာများ လောင်းထည့်ခဲ့ကြပါတယ်။ ထို့ကြောင့် ယခုအချိန်မှာ ပလာစတာ လောင်း ထည့်ထားတဲ့ အရေအတွက်ဟာ ရာနှင့်ချီသော ရုပ်ကြွင်းများ၊ ခွေးတစ်ကောင်နှင့် ဝက်တစ်ကောင်ကိုလည်း တွေ့ရှိရမှာပါ။ နောက်ပြီး သေဆုံးခဲ့ချိန်က လူနှင့်တိရိစ္ဆာန်များရဲ့ မျက်နှာနှင့် ပုံပန်းကိုလည်း ရှင်းလင်းစွာ မြင်တွေ့ကြရမှာပါ။ ၂၀၁၅ ခုနှစ်မှာ ပွန်ပေမှ ရုပ်အလောင်း ၁၁၅၀ ဝန်းကျင် ကို တူးဖော်တွေ့ရှိခဲ့ပြီး သမိုင်းပညာရှင်များက လူ ၂၀၀၀ ကျော် သေဆုံးခဲ့မယ်လို့ ယူဆကြပါတယ်။ တွေ့ရှိထားတဲ့ ရုပ်ကြွင်းများဟာ ပွန်ပေမှာ နေထိုင်ခဲ့တဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းသာ ရှိသဖြင့် မြေအောက်မှာ ရုပ်ကြွင်းများကျန်ရှိဦးမယ်လို့ ယူဆကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။