ယမန်နေ့က ပြင်သစ်နိုင်ငံမှာကျင်းပကစားခဲ့တဲ့ ပြင်သစ်လက်ရွှေးစင်ဘောလုံးအသင်းနဲ့ အင်္ဂလန်လက်ရွှေးစင်ဘောလုံးအသင်းတို့၏ နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်မှာတော့ ပြင်သစ်ဘက်က နောက်ခံလူဗာရိန်း အနီကတ်ပြခံရကာ ထွက်ခဲ့ရသော်လည်း ၁ဝယောက်ကျန်ပြင်သစ်က အင်္ဂလန်ကို ၃-၂ဂိုးဖြင့်အနိုင်ကစားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဦးဆောင်ဂိုးကိုရရှိခဲ့တာ အင်္ဂလန်အသင်းဖြစ်ပြီး ပွဲချိန်(၉)မိနစ်မှာ အသင်းခေါင်းဆောင်ဟယ်ရိကိန်းက ဘာထရန်ရဲ့ပေးပို့မှုကို အဆုံးသတ်ကာ ဂိုးသွင်းခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရသော်လည်း ပြင်သစ်အသင်းက ပထမပိုင်းမပြီးခင်မှာပင် ပွဲချိန်(၂၂)မိနစ်မှာ အမ်တီတီကချေပဂိုးသွင်းပေးခဲ့သည့်အပြင် ပွဲချိန်(၄၃)မိနစ်မှာ ပြင်သစ်ကစားသမား စီဒီဘီတို့က ပြင်သစ်အတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစ၍မကြာခင်မှာပဲ ပြင်သစ်နောက်ခံလူဗာရိန်းတစ်ယောက် ပင်နယ်တီအေရိယာအတွင်းမှာ အင်္ဂလန်ကစားသမားအလီကို ဖျက်ထုတ်မှုကြမ်းတမ်းတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ရုပ်သံလက်ထောက်ဒိုင်အကူအညီယူကာ ဗာရိန်းကို အနီကတ်ပြထုတ်ပယ်ခဲ့ပြီး ရရှိလာတဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက အဆုံးသတ်သွင်းယူခဲ့ပြီး ၂-၂ဂိုးရလဒ်ယူခဲ့ပါတယ်။ သို့သော် ၁ဝယောက်ကျန်ပြင်သစ်ကို အင်္ဂလန်ကစားသမားတွေ ဖိမကစားနိုင်ခဲ့ဘဲ ပွဲချိန်(၇၈)မှာ ပြင်သစ်လူငယ်ကစားတွေဖြစ်တဲ့ ဘာပေရဲ့ဖန်တီးမှုကနေ ဒမ်ဘီလီက ပြင်သစ်အတွက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး ၃-၂ဂိုးရလဒ်ဖြင့် ၁ဝယောက်ကျန်ပြင်သစ်က အင်္ဂလန်ကို အနိုင်ရခဲ့ပါတယ်။

Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။