အိမ်ဆိုတဲ့ အဆောက်အဦးဟာ မိမိမွေးဖွားတဲ့ နေရာဖြစ်စေ၊ မိမိလက်ထပ်တဲ့ နေရာဖြစ်စေ ပျော်ရွှင်မှုများကို ကျင်းပနိုင်တဲ့ ဂေဟာတစ်ခုလို့ ဆိုရမှာပါ။ ဒါ့အပြင် လူသားတစ်ဦးအား အရိပ်အာဝါသကိုပေးတဲ့ အကြီးမားဆုံးသော ပိုင်ဆိုင်မှုလို့လည်း ပြောလို့ရပါတယ်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းမှာ အိမ်များကို မရေတွက်နိုင်အောင် ဆောက်လုပ်ကြရာတွင် အလွန်ခမ်းနားတဲ့ အိမ်ကြီးများလည်း ရှိခဲ့ပါတယ်။ ထိုအိမ်ကြီးတွေရဲ့ အတွင်းအပြင် ဒီဇိုင်းဖန်တီးမှုတွေဟာ အလွန်လက်ရာမြောက်လှပြီး တန်ဖိုးအလွန်ကြီးမားစွာ တည်ရှိနေတာပါ။

photo credit pngtree

ထိုတန်ဖိုးကြီးမြင့်မားသော အိမ်များထဲမှာ အမေရိကန်နိုင်ငံက "The Pinnacle" အိမ်ကြီးဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုအိမ်ကြီး အကြောင်းကို ပရိသတ်တွေ ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် တင်ဆက်ပေးသွားမှာပါ။ လူချမ်းသာများသာ နေထိုင်ကြတဲ့ နေရာလို့ သတ်မှတ်ထားသော Yellowstone Club မှာ The Pinnacle ဟာ တန်ဖိုးအကြီးဆုံး အိမ်တစ်လုံးဖြစ်ပါတယ်။ ထိုအိမ်ကြီးကို အမေရိကန် အိမ်ခြံမြေ လုပ်ငန်းရှင် Tim Blixseth က ပိုင်ဆိုင်တာပါ။

photo credit pngtree

Tim Blixseth ဟာ သစ်လုပ်ငန်းစီးပွားရေးကို ချုပ်ကိုင်ထားသူ တစ်ဦးလည်းဖြစ်ကာ တေးရေးနှင့်အသံသွင်း လုပ်ငန်းကိုပါ ထူထောင်ထားသူဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု Montana ပြည်နယ်မှာ Yellowstone Club ကို ထူထောင်ခဲ့သူများအနက် တစ်ဦးဖြစ်တဲ့ Tim Blixseth ရဲ့ အိမ်ဟာ Yellowstone Club ရှိ အိမ်များအားလုံးတွင် အကြီးဆုံးဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ကြီးမှာ ကိုယ်ပိုင် နှင်းလျှောစီးကွင်း၊ ဂေါက်ကွင်း၊ ကျန်းမာရေး လေ့ကျင့်မှုအားကစားရုံ၊ ဝိုင်မြေအောက်ခန်း၊ လျှပ်စစ်ဖြင့် အပူပေးထားတဲ့ ကြမ်းခင်းနှင့် ဘက်စုံသုံးရေကူးကန်များကို ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၅၅ သန်း ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။