ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ထူးဆန်းစွာ ပျောက်ဆုံးခဲ့တဲ့ "Devin Williams" ဆိုသူအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကင်ဆက်ပြည်နယ်၊ လိုင်ယွန်မြို့မှာ နေထိုင်တဲ့ ခရီးဝေး ထရပ်ကားမောင်းသူ "Devin Williams"ဆိုသူဟာ ဇနီးနှင့် သားသမီး သုံးယောက်ရှိပါတယ်။ ၁၉၉၅ ခုနှစ် မေလမှာ ထိုသူဟာ ကုန်ပစ္စည်းပို့ဆောင်ရန် ကယ်လီဖိုးနီးယားပြည်နယ်သို့ ထွက်ခွာခဲ့ပြီးနောက် အလုပ်ကိစ္စများ ပြီးဆုံးချိန်မှာ ကင်ဆက်ပြည်နယ်သို့ သယ်ဆောင်မယ့် ကုန်များကို တင်ဆောင်လာခဲ့ပါတယ်။

photo credit pngtree

မေလ ၂၈ ရက်နေ့မှာ Williams မောင်းနှင်လာတဲ့ ၁၈ ဘီးကားဟာ အာရီဇိုးနားပြည်နယ်ရှိ Tonto အမျိုးသား သစ်တော ဥယျာဉ်အနီးမှ ဖြတ်သန်းလာခဲ့ပါတယ်။ ထိုအချိန်မှာ ဥယျာဉ်အတွင်း စခန်းချနေကြသူများရဲ့ တဲများနှင့် မော်တော်ယာဉ် များကို တိုက်လုနီးပါး ဖြစ်ခဲ့ကာ သစ်တောအလယ်မှာ ကားကို ရပ်တံ့ခဲ့ရပါတယ်။ ထိုအချိန်မှာ Williams ဟာ ကားအပြင်ထွက်ကာ လမ်းပေါ်မှာ လျှောက်သွားနေရင်း ဆောက်တည်ရာမရဘဲ "ငါထောင်ကျတော့မယ်"လို့ ဗလုံးဗထွေးပြောနေကြောင်း သက်သေများက မြင်တွေ့ခဲ့ကြပါတယ်။

photo credit pngtree

ရဲများရောက်ရှိလာချိန်မှာတော့ ၁၈ ဘီးကားကိုသာ မြင်တွေ့ရပြီး Williams ကပျောက်ဆုံးသွားခဲ့ပါတယ်။ Tonto အမျိုးသား သစ်တောဥယျာဉ်ဟာ "Williams" ပုံမှန်မောင်းနေကျ လမ်းမှ မိုင်၅၀ ကွာဝေးသော နေရာမှာရှိနေသဖြင့် ထူးဆန်းသော ကိစ္စရပ်တစ်ခုလို ဖြစ်နေပါတယ်။ ဒါ့အပြင် သူဟာ မူးယစ်ဆေးသုံးစွဲသူ သို့မဟုတ် စိတ်ကျန်းမာရေးမကောင်းသူလည်း မဟုတ်တဲ့အပြင် သူ့ရဲ့ ကြီးကြပ်ရေးမှူးအား သူအိပ်ချင်နေကြောင်း ဖုန်းဖြင့် ပြောခဲ့ပါသေးတယ်။ Williams ရဲ့ ပျောက်ဆုံးမှုဟာ ဆန်းပြားနေသဖြင့် ပန်းကန်ပြားပျံ စူးစမ်းရှာဖွေသူများက Williams ကို အခြားဂြိုဟ်သားများက ခေါ်ဆောင်သွားကြောင်း ပြောဆိုခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ် မေလမှာ တောင်တက်သမားများ Williams နောက်ဆုံးရှိခဲ့သော နေရာမှ မိုင်ဝက်အကွာတွင် အရိုး ခေါင်း တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ထိုဦးခေါင်းဟာ Williams ဖြစ်သော်လည်း သူ့ရဲ့ဖြစ်ရပ်မှန်ကိုတော့ ယခုချိန်ထိ မဖော်ထုတ်နိုင်သေးပါဘူးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။