ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်ဝှမ်းရှိ အန္တရာယ်အကြီးမားဆုံး လေယာဉ်ကွင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Toncontin" အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ကမ္ဘာတစ်ဝှမ်းက ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။ 

photo credit pngtree

ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ မြို့တော် "Tegucigalpa"မှာတည်ရှိတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေယာဉ်ကွင်းအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားပါတယ်။ ထိုလေယာဉ်ကွင်းမှာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မတော်တဆ ဖြစ်ပွားမှုကြောင့် လေယာဉ်စီးခရီးသည် ငါးယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ထိုဖြစ်ရပ်အပါအဝင် အခြားသော မတော်တဆမှုများ ဖြစ်ပွားမှုဟာ လေယာဉ်ကွင်းအား အသေးစိတ် စိစစ်ရန် အကြောင်းကိစ္စဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ထိုလေယာဉ်ကွင်းကို ၁၉၃၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အဲ့အချိန်တုန်းက ပျံသန်းခဲ့တဲ့ လေယာဉ်များဟာ စွမ်းအားနည်းပါးသေးတာကြောင့် ရှည်လျားသော လေယာဉ်ပြေးလမ်းများမလိုအပ်သေးတဲ့ အချိန်ဖြစ်ပါတယ်။ ထို့ကြောင့် "Toncontin" လေယာဉ်ကွင်းဟာ တောင်တန်းများ ဝန်းရံနေတဲ့ တောင်ကြားတစ်ခုအတွင်း တည်ရှိကာ လေယာဉ်ပြေးလမ်းကို ပေ၇၀၀၀ ကျော်သာ ဖောက်လုပ်ခဲ့ပါတယ်။ မယုံနိုင်ဖွယ်ရာ အန္တရာယ်အများဆုံး အခြေအနေတစ်ရပ်ကတော့ "Toncontin" လေယာဉ်ကွင်းမှာ လေယာဉ်များအတွက် ဝင်လမ်းတစ်ခုနှင့် ထွက်လမ်းတစ်ခုသာရှိခြင်းဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။