ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ နာမည်ကျော်လူသိများတဲ့ ကမ္ဘာ့ မြေအောက်ဂူများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Mulu Caves" မူလူး ဂူအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်မှု အရှိဆုံးနေရာများတွင် ဘာ်နီယိုရှိ ဂန်နန် အမျိုးသား ဥယျာဉ်မှာ တည်ရှိတဲ့ မူလူးဂူများပါဝင်နေပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အမျိုးသားဥယျာဉ်တွင် မယုံနိုင်လောက်အောင်ထူးခြားတဲ့ ဂူများ၊အီကွေတာအနီး တောင်များထူထပ်သော မုတ်သုန်သစ်တောတစ်ခုအတွင်း ပုံမှန်မဟုတ်တဲ့ ထုံးကျောက်ဖွဲ့စည်းမှုများ တည်ရှိနေပါတယ်။ မြေအောက်လိုဏ်ဂူမှာ တွေ့ရှိရတဲ့ ခန်းမကြီးဟာ အလျား မီတာ၇၀၀၊ အနံ ၃၉၆ မီတာနှင့် အမြင့်မီတာ ၇၀ ရှိ ကာ ကမ္ဘာပေါ်မှာ အကြီးဆုံး မြေအောက်လိုဏ်ဂူခန်းမဖြစ်ပါတယ်။ အလွန်ကြီးမားသော အကျယ်အဝန်းကြောင့် ခန်းမအတွင်းမှာ ဘိုးရင်း ၇၄၇ လေယာဉ် အစီး ၄၀ ကို အတောင်ပံများ မထပ်မိစေဘဲ ထားရှိနိုင်တယ်လို့ ဆိုပါတယ်။

photo credit pngtree

မူလူးဂူများအနီးမှာ နှုတ်ခမ်းများ တွန့်နေတဲ့ လင်းနို့များ အမြောက်အများ ခိုအောင်းနေသော ဒီးယားဂူ ရှိပါတယ်။ ထိုလင်းနို့များဟာ ညနေပိုင်းမှာ အစာရှာရန် ဂူအပြင်သို့ အစုလိုက် အပြုံလိုက် ထွက်လာလေ့ရှိကြပါတယ်။ သဘာ၀ တရားရဲ့ အံံ့သြဖွယ် ဖန်တီးမှုများကြောင့် မြေပေါ်မြေအောက်လိုဏ်ဂူများဟာ ကမ္ဘာမှာ ပေါ်ထွန်းလာခဲ့ကြရာ ခေတ်မီ တိုးတက်လာခဲ့ချိန်တွင် ထိုဂူများဟာ လူအများစိတ်ဝင်စားတဲ့ နေရာများဖြစ်လာခဲ့ကာ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။