စphoto credit - ESL twitter

လက်ရှိ Natus Vincere cs:go team ရဲ့ captain ဖြစ်သူ Boombl4 ရဲ့နာမည်အရင်းကတော့ Kirill Mikhailov ဖြစ်ပြီး သူဟာ Russia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1998 ခုနှစ် 12 လပိုင်း 20 ရက်နေ့ဖြစ်တာကြောင့် Boombl4 ဟာ အခုဆိုရင် အသက် 21 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Boombl4 cs:go pro teams တွေမှာ စတင်ကစားခဲ့တာကတော့ 2017 ခုနှဏ် 3 လပိုင်းလောက်ကဖြစ်ပြီး Elements Pro Gaming မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်

Elements Pro Gaming မှာတော့ Boombl4 ဟာ 2017 ခုနှစ် 5 လပိုင်း 24 ရက်နေ့အထိ ကစားခဲ့ပြီးနောက် ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2017 ခုနှစ် 9 လပိုင်း 1 ရက်နေ့မှာတော့ Boombl4 ဟာ Quantum Bellator Fire ကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် 6 လပိုင်း 20 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

၎င်းအသင်းကထွက်ထွက်ပြီးချင်းမှာပဲ Boombl4 ဟာ Winstrike Team ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 5 လပိုင်း 29 ရက်နေ့ထိကစားပြီးနောက် ၎င်းအသင်းက ထွက်ခွာကာ Natus Vincere ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Natus Vincere မှာတော့ Boombl4 ဟာ in-gam leader Rifler role ကိုကစားနေပြီး ယနေ့ထက်ထိ Navi မှာပဲကစားကာ Navi ကို CS:GO World Ranking မှာ N0.1 နေရာကိုရောက်အောင် စွမ်းဆောင်ပေးထားနိုင်တဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။