ကိုးလအတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူတစ်ရာကျော်ရှိ

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၆ ရက်အထိ ကိုးလကျော်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုပေါင်း ၅၇၉ မှုရှိပြီး သေဆုံးသူ ၁၂၅ ဦးရှိခဲ့သည်။ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည့် ယာဉ်များမှာ အိမ်စီးယာဉ်များဖြစ်ပြီး လိုက်ထရပ်မှာ ဒုတိအများဆုံးဖြစ်ကာ ခရီးတင်ယာဉ်သည် ယာဉ်တိမ်းမှောက်မှုတွင် အနည်းဆုံးဖြစ်ကြောင်း သိရသည်။

"အရင်က ကားတွေမတော်တဆဖြစ်မှုတွေများတော့ ဖြစ်ရပ်တွေကို လေ့လာကြည့်တယ်။ လူကြောင့်ဖြစ်တာလား ရာသီဥတုကြောင့်ဖြစ်တာလား စက်ကြောင့်ဖြစ်တာလား ဆန်းစစ်တယ်။ ဒီအတွက်လည်း သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ကားတွေ ဖမ်းတယ်။ ဒီတစ်လအတွင်း ယာဉ်တိုက်မှုတွေ သိသိသာသာကျဆင်းသွားပါတယ်။" ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၄၃၅ မှု သေဆုံးသူ ၁၂၄ ဦး ၂၀၁၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၄၁၂ မှု သေဆုံးသူ ၁၅၇ ဦးရှိကာ ဒဏ်ရာရရှိသူ ၇၆၆ ဦးရှိခဲ့သည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကို နေ့စဉ် ယာဉ်စီးရေ နှစ်သောင်းခွဲခန့် ဖြတ်သန်းမောင်းနှင်လျက်ရှိပြီး ကျောင်းပိတ်ရက်များတွင် အစီးရေ သုံးသောင်းကျော် နေ့စဉ်သွားလာနေကြောင်း သိရသည်။

Source: Local Daily News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။