ပရိသတ်ကြီးရေ Rapအဆိုတော် ဖြိုးလေးကတော့ သီချင်းကောင်းတွေများစွာကို ထွက်ရှိထားပြီး လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတွေဖြစ်တာကြောင့် အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ ဖြိုးလေးက အမိုက်စားကိုယ်ခန္ဓာအချိုးအစားနဲ့ ယောကျ်ားပီသတဲ့ ရုပ်ရည်တို့ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို ခံရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.....။

Photo credit - Phyo Lay's facebook account
Photo credit - Phyo Lay's facebook account
Photo credit - Phyo Lay's facebook account

အဆိုတော် ဖြိုးလေးက သရုပ်ဆောင် မင်းသမီးချော ဝါဆိုမိုးဦးနဲ့လည်း သာယာခိုင်မြဲတဲ့ အချစ်ရေးတစ်ခုကိုတည်ဆောက်ထားပြီး သစ္စာရှိစွာ ချစ်နေကြတဲ့ သူတို့ စုံတွဲလေးကိုလည်း ပရိသတ်တွေက အားကျချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ တစဟ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရှိနဲ့ လက်တွဲတည်ဆောက်လာခဲ့တာ ယခုဆိုရင် ချစ်သူသက်တမ်း (၄) နှစ် ကျော်ရှိပြီပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်အသီးသီးမှာလည်း ကြိုးစားလုပ်ကိုင်ပြီး အောင်မြင်မှုတွေကိုလည်း ရရှိထားကြတဲ့ သူတွေလည်းဖြစ်ပါတယ်.......။

Photo credit - Phyo Lay's facebook account
Photo credit - Phyo Lay's facebook account
Photo credit - Phyo Lay's facebook account

ဖြုးလေးနဲ့ဝါဆိုတို့ နှစ်ယောက်က မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည်နှုးစရာကောင်းတဲ့ ပုံလေးတွေကို မျှဝေပေးလျက်ရှိနေပြီး ယနေ့မှာလည်း တိမ်တွေကို နောက်ခံထားကာ အထာကျကျဓာတ်ဖမ်းထားတဲ့ ပုံရိပ်တွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက romanticဆန်စွာရိုက်ကူးထားပြီး " မင်းကို ချစ်တဲ့ အကြောင်း တိမ်တွေပေါ်မှာ ကဗျာတစ်ပုဒ် ရေးထားတယ် နှလုံးသားနဲ့ ဖတ်ပါ" ဆိုတဲ့ စာသသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.........။ 

Photo credit - Phyo Lay's facebook account
Photo credit - Phyo Lay's facebook account
Photo credit - Phyo Lay's facebook account

Photo credit - Phyo Lay's facebook account

Source - Phyo Lay's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။