ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ တောင်ကိုရီးယားနိုင်ငံက လည်ပတ်ချင်စရာကောင်းသော နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Chuncheon" ချန်ချွမ်း မြို့တောင် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်လော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာတစ်ဝှမ်းရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

သာယာလှပသောရှုခင်းများရှိတဲ့ ရေကန်များနှင့် မြင့်မားသော တောင်တန်းများ ဝန်းရံနေသော ချန်ချွမ်းဟာ ဂင်ဝမ် (Gangwon) ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ ထိုမြို့တော်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ ထင်ရှားသော ရုပ်သံဇာတ်လမ်းတွဲ Winter Sonata ကိုရိုက်ကူးခဲ့ကာ များစွာသော ခရီးသွားများဟာ ရိုက်သံဇာတ်လမ်းတွဲတွင် ပါရှိခဲ့တဲ့ အထင်ရှားဆုံးနေရာအချို့သို့ သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။ အချို့သော ခရီးသွားများဟာ အစားအသောက်သုခဘုံ(Foodie’s Paradise) လို့ထင်ရှားတဲ့ ချန်ချွမ်းသို့ အစားအသောက်များ စားသောက်ရန် လာရောက်ကြတာပါ။

photo credit pngtree

ချန်ချွမ်းမှာ တည်ရှိတဲ့ ဆိုရမ် (Soyang)ရေကာတာ၊ ချောင်ပြောင်စာ (Cheongpyaeong -sa )ဘုရားကျောင်းလို့ခေါ်တဲ့ ရုပ်ထုများပန်းခြံကို သွားရောက်ပြီးပါက ဒါကာဂ်လ်ဘီ (Dakaglbi) လမ်းသို့ သွားကာ "ကြက်ကင်ခေါက်ဆွဲကို အမွှေးအကြိုင် များခပ်ထားတဲ့ ဟင်းသီးဟင်းရွက်များ၊ ထမင်းများနှင့် အတူ စားသုံးရတဲ့" ဒါကာဂ်လ်ဘီ စားသောက်ဖွယ်ကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကာဂ်လ်ဘီ လမ်းပေါ်ရှိ ဒါဇင်ပေါင်းများစွာသော စားသောက်ဆိုင်များဟာ တစ်ဆိုင်နှင့် တစ်ဆိုင် ချက်ပြုတ်ဟန်ချင်းမတူညီတာကို ပရိသတ်ကြီး သိထားရမှာပါနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကိုကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။