photo credit - OG Twitter

OG organization အောက်ကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ OG Seed ကတော့ OMG Summer Cup ကို direct invite ရရှိခဲ့တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီ toutnaments ကတော့ June လ 8 ရက်နေ့ကနေ 15 ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး

မှာတော့ direct invite 7 teams , open qualifier က 1 team နဲ့ စုစုပေါင်း dota 2 teams 8 teams ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

စုစုပေါင်းပေးအပ်သွားမယ့် prize pools ကတော့ $6,000 USD ဖြစ်ပြီး champion ဖြစ်တဲ့အသင်းကတော့ $4,000 USD ရရှိမှာပဲဖြစ်ပါတယ်။

OG Seed အနေနဲ့လည်း ဒီ tournaments မှာ ပြိုင်ဘက်အသင်းအားလုံးကို 2:0 နဲ့အနိုင်ရရှိခဲ့တာကြောင့် Grand Finals ကိုတက်ရောက်နိုင်ခဲ့ပြီး Grand Finals မှာ အရင်က နိုင်ထားခဲ့တဲ့ CR4ZY နဲ့ပဲ ထပ်မံယှဉ်ပြိုင်ခဲ့ရပါတယ်။

Bo5 ယှဉ်ပြိုင်တဲ့ Grand Finals မှာဆိုရင်လည်း OG Seed ဟာ CR4ZY ကို 3:0 ဆိုတဲ့ရလာဒ်နဲ့အနိုင်ယူပြီး champion ဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။

OG Seed အနေနဲ့လည်း ဒီလကုန်ပိုင်းလောက်မှာ OG organization အောက်ကနေ အပြီးသတ်ထွက်ခွာမှာဖြစ်ပြီး ဘယ် organization လက်အောက်ကို ရောက်သွားမလဲကတော့ စိတ်ဝင်စားစရာကောင်းလို့နေပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။