ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ဆီးရီးယားနိုင်ငံရှိ "Mar Sarkas" လို့အမည်ရတဲ့ ရှေးဟောင်း ခရစ်ယာန် ဘုရားကျောင်းကြီးအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ "Maalula" မြို့မှာတည်ရှိတဲ့ ထိုဘုရားကျောင်းကြီးဟာ ခရစ်နှစ် ၃၂၅ ခုနှစ် မတိုင်မီ အချိန်တည်းက တည်ဆောက်ခဲ့သော ဂရိ ကက်သလစ်ဘုရားကျောင်းကြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဗဟုသုတ သတင်းစုံလင်ကို ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးပါဦးနော်။

photo credit pngtree

ယနေ့ထိတိုင် ခရစ်ယာန်ဘုန်းကြီးကျောင်းနှင့် ဘုရား ဝတ်ပြုကျောင်းအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ ထိုကျောင်းကို မူလက ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းတစ်ကျောင်းအဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ တည်ဆောက်ခဲ့တဲ့ ရက်စွဲ အတိအကျကိုတော့ မသိရှိခဲ့ကြပါဘူး။ ဒါကြောင့်မလို့ "Mar Sarkas" ဘုရားကျောင်းကြီးဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘုရားကျောင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

photo credit pngtree

ဒါ့အပြင် သီလရှင်ကျောင်းတစ်ခုဖြစ်ခဲ့တဲ့ "Mar Sarkas" မှာ အေဒီလေးရာစု လက်ရာ ရှေးဟောင်းအမှတ်အသားများစွာကို တွေ့ရှိကြရမှာပါ။ "Mar Sarkas"မှာ နေထိုင်ကြသူများတွင် အင်္ဂလိပ်ဘာသာ စကားကိုပြောဆိုနိုင်တဲ့ သီလရှင် အနည်းငယ်ပါရှိတာပါ။ နောက်ပြီး ဘုရားကျောင်းသို့ လာရောက်ကြတဲ့ ခရီးသွားများ တောင်းဆိုပါက သီလရှင်များက ကျောင်းအတွင်း လိုက်လံပြသပေးရပါတယ်။ အဲ့လို လိုက်လံ ပြသပေးတာကို ကျေနပ် ပျော်ရွှင်လေ့ရှိကြပါတယ်။ နှစ်စဉ် အောက်တိုဘာလ ၇ ရက်နေ့မှာ "Mar Sarkas" ပွဲတော်ကို ဘုရားကျောင်းအတွင်း ပျော်ရွှင်စွာ ကျင်းပလေ့ရှိကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။