ဝါရင့်မင်းသားချောလေးကျော်ကျော်ဗိုလ်ကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ကျော်ကျော်ဗိုလ်ကတော့ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

photo credit: Kyaw Kyaw Bo 's facebook acc
photo credit: Kyaw Kyaw Bo 's facebook acc

ယနေ့အချိန်ထိ သရုပ်ဆောင်အလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေတဲ့ ကျော်ကျော်ဗိုလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်၊ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတဲ့ ကျော်ကျော်ဗိုလ်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: Kyaw Kyaw Bo 's facebook acc
photo credit: Kyaw Kyaw Bo 's facebook acc

ကျော်ကျော်ဗိုလ်ကတော့ ယခုမှာ ဦးကျော်ဟိန်း သက်မွန်မြင့်နဲ့အတူ သရုပ်ဆောင်ခဲ့ပြီး ဘယ်သူပြောလဲ တစ်တောလုံးကြွေဆိုတဲ့ ပထဆုံးဗီဒီယိုဇာတ်ကားလေးကို ပြန်လည်အမှတ်ရနေခဲ့ပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ " ပထမဆုံး ဗွီဒီယို ကားဦးကျော်ဟိန်း နဲ့သည်ဘဝ...သည်ခန္ဓာ...သည်အနုပညာအမှတ်တစ်ရာ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးကျော်ကျော်ဗိုလ်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Kyaw Kyaw Bo 's facebook acc

photo credit: Kyaw Kyaw Bo 's facebook acc
photo credit: Kyaw Kyaw Bo 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။