ဒီစာက ကောင်လေးတွေအတွက်မဟုတ်ပဲ ကောင်မလေးတွေအတွက် အထူးရည်ရွယ်ပါတယ်နော်။ အဲဒီ့စကားလေးက သဘောကျဖို့တော့ ကောင်းပါတယ်။ “နင့်ကို ဟိုကောင်မလေးက ကြိုက်နေတယ်” ဆိုတာ။ ဒါပေမယ့် မိန်းကလေးအချင်းချင်းဖြစ်နေတော့ တစ်မျိုးကြီးထင်နိုင်ပေမယ့် တစ်ကယ်တမ်း ဒီလိုစဉ်းစားကြည့်ရအောင်။

သူမက သင့်ကိုယ်ပွားလေးဖြစ်လာပါလိမ့်မယ်

သူမကသာ သင့်ရဲ့သူငယ်ချင်းဆိုရင် သင်နဲ့အရင်ကထက်တောင် တပူးတတွဲတွဲဖြစ်နေမှာပါ။ သင်ဝတ်တာ၊ သင်သုံးနေတာလေးတွေကို သူမကဆင်တူလေးတွေလိုက်သုံးပါလိမ့်မယ်။ လက်ပတ်နာရီဆင်တူလေးတွေဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီဆင်တူလေးတွေပဲဖြစ်ဖြစ် သူမ ရွေးဝတ်လာပါလိမ့်မယ်။ သင်နဲ့အတူတူ သွားအတူစားအတူဖြစ်လာပြီး အရင်ကထက် ပိုမိုပူးပူးကပ်ကပ်နေတဲ့အပြင် အပြင်လူတွေအမြင်မှာ သင်တို့နှစ်ယောက်က အတွဲလေးလိုကိုဖြစ်နေမှာပါ။

အသေးအမွှားကအစ မှတ်မိပါလိမ့်မယ်

ကောင်မလေးအချင်းချင်းဖြစ်နေပေမယ့် သူမကသာ သင့်ကိုတကယ်စိတ်ဝင်စားနေပြီဆိုရင် သင့်ရဲ့အသေးစိတ်ကအစ အမှတ်တရရှိနေပါလိမ့်မယ်။ ဒါက Lesbian မှမဟုတ်ပါဘူး။ သာမာန် Crush တွေမှာလည်း ဒီအတိုင်းပါပဲ။ သင်ပြောထားဖူးသမျှလေးတွေကို သူမ မှတ်မိပါတယ်။ နောက်ပြီး သင် Seafood ကြိုက်တာကအစ၊ သင့်ရဲ့အိမ်က ကြောင်ကလေးရဲ့နာမည်ကအစ တခြားသူငယ်ချင်းတွေမမှတ်မိရင်နေ သူမ အမှတ်တရရှိနေပါလိမ့်မယ်။

ပိုမိုထိတွေ့လာပါလိမ့်မယ်

သင့်ကို မျက်ခုံးမွှေးဆွဲပေးတာပဲဖြစ်ဖြစ်၊ ပျင်းပျင်းရှိ ဆံပင်လေးတွေ ဆွဲနေတာပဲဖြစ်ဖြစ် သူမက သင့်ရဲ့အသားလေးတွေကို ထိတွေ့နေတော့မှာပါပဲ။ သင် ဘယ်လိုခံစားရပါသလဲ။ မိန်းကလေးချင်း ချစ်ကြိုက်တာ ဒီဘက်ခေတ်ကြီးထဲမှာ ရှက်စရာမဟုတ်တော့ပါဘူး။ သင်လည်း ကြက်သီးမွှေညှင်းလေးတွေသီးပြီး ရင်ထဲလှပ်လှပ်လှပ်လှပ်ဖြစ်နေပြီဆိုရင်တော့ သင်မရိုးတော့ပါဘူးနော်။

သင်ရဲ့ Sign ကို မေးလာပါလိမ့်မယ်

မိန်းကလေးတိုင်းတော့ ဗေဒင်လက္ခဏာကို စိတ်မဝင်စားတတ်ကြပါဘူး။ ဒါပေမယ့် အခုဟာက ရိုးရိုးမိန်းကလေးမဟုတ်ပါဘူး။ သင့်ကို စိတ်ဝင်စားနေတဲ့မိန်းကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ သင့်ရဲ့ Zodiac Sign ကို သိချင်ပါလိမ့်မယ်။ သင့်ကိုလည်း ဖွင့်မေးလာပါလိမ့်မယ်။ သူမ ဗေဒင်သွားတွက်ဖို့တော့မဟုတ်လောက်ပါဘူး။ သင့်ရဲ့ Sign အရ သင့်ရဲ့ စိတ်နေစိတ်ထားနဲ့ သင်နဲ့လိုက်ဖက်တဲ့ချစ်သူပုံစံကို သူမ သိချင်လို့ပဲ နေမှာပါနော်။

သင်ကို ပိုးပန်းနေသူတွေကို တိုက်ခိုက်လာပါလိမ့်မယ်

သင့်ကို လာပိုးပန်းနေတဲ့သူတွေက ကောင်လေးတွေလား။ ဒါဆိုပိုဆိုးပါတယ်။ သင့်ကို ဘယ်သူနဲ့မှ ချစ်ကျွမ်းဝင်မှာကို သူမ မလိုလားပါဘူး။ ဒါကြောင့် သင့်ကို လာပိုးပန်းနေသူမှန်သမျှကို စကားနဲ့ဖြစ်စေ အမူအရာနဲ့ဖြစ်စေ တိုက်ခိုက်နေမှာပါ။ သူမက သင့်ဘေးမှာ သူမတစ်ယောက်ပဲရှိနေစေချင်မှာပါ။

မိန်းကလေးတွေ အချင်းချင်း စိတ်ဝင်စားကြပြီဆို ဆန့်ကျင်ဖက်လိင်နဲ့မတူပါဘူး။ ပိုပြီးနီးစပ်မှုရှိတယ်။ ပိုပြီးပွင့်လင်းတယ်။ အတူတူအရာရာမျှဝေလို့ရပြီး အနေနီးရင်တောင် ဘာမှမဖြစ်နိုင်တာမို့လို့ တစ်ချို့တွေက မိန်းကလေးတွေချင်း ချစ်ကျွမ်းဝင်ကြလေ့ရှိပါတယ်။ ဒါကလည်း ရှက်စရာမှ မဟုတ်ပဲနော်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။