ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေကတော့ အားလုံးရဲ့သည်းသည်းလှုပ် အချစ်တွေကို ပိုက်ဆိုင်ထားကြတဲ့ မင်းသားချောလေးကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်တို့ပါပဲ..။

ပရိသတ်တွေကိုယ်စီနဲ့ အခိုင်အမာအောင်မြင်နေကြသလို ဇာတ်ကားများစွာရိုက်ကူးထားကြတဲ့ သူတို့နှစ်ယောက်ကတော့ "အချစ်ဖွဲ့လေညင်း" ဇာတ်ကားနဲ့လည်း ပရိသတ်တွေကို ဖမ်းစားထားကြသူတွေလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Htet Zaw's FB Acc
Photo Credit - Than Thar Moe Theint's Fb Acc

ရောင်နီဦးနဲ့ မေပျိုဖြူလေးအဖြစ် ပရိသတ်တွေကို အချစ်ပိုသဘောကျစေကြတဲ့ သူတို့နှစ်ယောက်ကတော့ ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်နော်..။

ရင်သွေးလေးရကာ ကလေးတို့ ဖေဖေဖြစ်တော့မယ့် ဆရာနီနဲ့ ကလေးတို့မေမဖြစ်တော့မယ့် မေပျိုဖြူလေးတို့ရဲ့ ရိုက်ကွင်းအမှတ်တရလေးတွေကိုတော့ အားလုံးက သဘောကျနေကြမှာပါနော်..။

Photo Credit - Than Thar Moe Theint's Fb Acc
Photo Credit - Kyaw Htet Zaw's FB Acc
Photo Credit - Than Thar Moe Theint's Fb Acc

ဆရာနီကလည်း "ကလေးတို့ဖေဖေ ဖြစ်တော့မယ့်ဆရာနီ.." ဆိုပြီး ရေးသားမျှဝေထားသလို "စိတ်ကတော့ကောက်မာပဲ ခလေးတို့မေမေက.." ဆိုပြီး မေပျိုဖြူလေးကလည်း ချစ်စဖွယ်လေး ရေးသားကာ အမှတ်တရတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ ရောင်နီဦးနဲ့ မေပျိုဖြူတို့ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကိုလည်း ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Than Thar Moe Theint's Fb Acc
Photo Credit - Kyaw Htet Zaw's FB Acc
Photo Credit - Kyaw Htet Zaw's FB Acc

Source & Photo Credit - Kyaw Htet Zaw's FB Acc & Than Thar Moe Theint's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။