ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သားပိုက်မျိုးနွယ်ဖြစ်သော "Koalas" ဝက်ဝံကောင်လေးတွေဟာ သံတမန်ခင်းတဲ့နေရာမှာ အရေးပါအရာရောက်တာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုအာလာ ဝက်ဝံလေးတွေဟာ သားပိုက်မျိုးနွယ်ဖြစ်တာကြောင့် ပွေ့ဖက်ချင်စရာ ကောင်းသော သတ္တဝါလေးများလို့ ဆိုရမှာပါ။ ထိုကောင်လေးတွေဟာ သြစတြေးလျနိုင်ငံမှာ ပေါက်ဖွားကြကာ သူတို့နိုင်ငံရဲ့ သံတမန် သတ္တဝါလေးများ အဖြစ် အသုံးပြုကြတာပါ။

photo credit pngtree

ထို့ကြောင့် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနက ကိုအာလာ လက်ခံရရှိသော နိုင်ငံများကို ပြုစုစောင့်ရှောက်ရမယ့် နည်းလမ်းများ သိရှိစေရန် စာမျက်နှာ ၆၀၀ပါရှိတဲ့ လက်စွဲကျမ်းကို ထုတ်ဝေခဲ့ပါတယ်။ သြစတြေးလျ နိုင်ငံဟာ ဂျပန်၊ ကိုရီးယား အစရှိတဲ့ မိတ်ဆွေနိုင်ငံများသို့ ကိုအာလာများကို ပေးပို့တာမျိုးမရှိသော်လည်း ညီလာခံမှာတော့ ကိုအာလာများကို ပြသထားလေ့ရှိပါတယ်။ ၂၀၁၄ ခုနှစ်က သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ "G 20" ညီလာခံမှာ ဘားရက်အိုဘားမားနှင့် ဗလာဒီမာ ပူတင် အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များဟာ ကိုအာလာတို့နှင့်အတူ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါတယ်။

photo credit pngtree

သြစတြေးလျနိုင်ငံ၊ လေဘာပါတီက ကိုအာလာ ဝက်ဝံ သံတမန်ခင်းတာနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရဟာ အာဏာ ရရှိချိန်မှစပြီး ကိုအာလာ ဝက်ဝံ များအတွက် အမေရိ ကန်ဒေါ်လာ ၄၀၀ ၀၀၀ သုံးစွဲခဲ့ကြောင်း ၂၀၁၆ ခုနှစ်မှာ ဝေဖန်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသို့ ကိုအာလာ ဝက်ဝံ ပို့ဆောင်ရခြင်းနှင့် ကိုအာလာများစားရန် သပြေရွက်များကို တစ်ပတ်နှစ်ကြိမ်ပို့ရသော စရိတ်များအပါအဝင် အမေရိကန်ဒေါ်လာ ၁၃၃ ၀၀၀ ကုန်ကျခဲ့ပါတယ်။ ထို့အတူ ၂၀၁၄ ခုနှစ် က "G 20"ညီလာခံကျင်းပ ခဲ့တဲ့ Brisbane သို့ ကိုအာလာ များပေးပို့ရန် အမေရိကန်ဒေါ်လာ ၂၄ ၀၀၀ သုံးစွဲခဲ့ကြောင်းထောက်ပြခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit မောင် သာ ရှေးဟောင်းသုတေသန

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။