ပရိသတ်ကြီးရေ ဇာတ်ပို့ ၊ ဇာတ်ရံ ဟာသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရယူပြီး နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်ခဲ့ပါပြီနော်..။ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဆွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်..။ လတ်ရှိမှာတော့ ခင်လှိုင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပဲ ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်နော်..။

Photo Credit - Khin Hlaing
Photo Credit - Khin Hlaing

ဒါ့အပြင် ခင်လှိုင် ရဲ့ သားနဲ့ သမီးတွေကလည်း အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီဖြင့် နေရာတစ်နေရာကိုရရှိနေခဲ့ပြီး သာဟာပျော်ရွှင်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ခင်လှိုင် ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတက်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူဖြစ်တာကြောင့် သူတစ်ပါးပေါ်မှာလည်း ကူညီတက်သလို အလှူတန်းတွေကိုလည်း လှူဒါန်းမှုတွေပြုလုပ်ပေးတာကိုတွေ့ရပါတယ်။ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိပါတယ်နော်..။

Photo Credit - Khin Hlaing
Photo Credit - Khin Hlaing

ယခုမှာတော့ ပရိသတ်တွေရဲ့အချစ်တော် ခင်လှိုင်ဟာ လူငယ်တွေတောင်အရှုံးပေးရလောက်တဲ့ အမိုက်စားပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ ခင်လှိုင် က အမိုက်စားဆိုင်ကယ်ကြီးနဲ့ အတူ အထာကျကျ ပို့စ်ပေးကြမ်းနေတဲ့ အမူရာလေးတွေကတော့ လူငယ်တွေအားကျရလောက်စေမှာအမှန်ပါနော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အမိုက်စားဆိုင်ကယ်ကြီးနဲ့ အရမ်းဂေါ်နေတဲ့ ခင်လှိုင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်..။

Photo Credit - Khin Hlaing

Source - Khin Hlaing 's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။